A Powersoft Phone Manager

A-Power.jpg

A Powersoft Phone Manager ဆော့ဖ်ဝဲသည် PC မှ မိုဘိုင်းဖုန်းများကို ချိတ်ဆက်၍ သီချင်းများ ထည့်ခြင်း၊ ဓာတ်ပုံများကို အပြန်အလှန် ထည့်သွင်းခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Android နှင့် iOS Device များကို ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီးပေးထားသည်။

SMS နှင့် အခြားသော အချက်အလက်များကို အလွယ်တကူ Backup ပြုလုပ်ထားနိုင်အောင်လည်း စီစဉ်ပေးထားသည်။ အဆိုပါ ဆော့ဖ်ဝဲနှင့် Mobile Device များ ချိတ်ဆက်သည့်အခါတွင်လည်း USB သို့မဟုတ် Wi-Fi ပေါ်မှ ချိတ်ဆက်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ Windows 2000 မှ Windows 8 Version အထိ ထည့်သွင်းသုံးစွဲနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။