Private Calculator

Private.jpg

Private Calculator App သည် iPhone, iPad အသုံးပြုသူများမိမိ၏ အချက်အလက်များကို အခြားသူများ မသိရှိစေလိုသည့်အခါတွင် အဆိုပါ Calculator ထဲတွင် ထည့်သွင်းပြီး ဝှက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ Calculator သည် သာမန် အသုံးပြုသည့် Calculator ကို အသုံးပြုနိုင်သလို၊ မိမိထည့်သွင်းထားသည့် Password ကို ရိုက်ထည့်ပြီး Equal Button ကို နှိပ်မှသာ ဝှက်ထားသည့်ဖိုင်များကို ဖော်ပြပေးနိုင်မည် ဖြစ်သည်။

အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 5.1.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။