Xiaomi Mi 4i ကို အာရှ၌ မေလ ၁၂ ရက်တွင် စတင်ရောင်းချမည်

11143376_10152890194967825_9202004321340095440_n.jpg

အမေရိကန်ဒေါ်လာ ၂၀၅ ဖြင့် ရောင်းချလျက်ရှိသည့် Xiaomi Mi 4i ကို ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံများတွင် မေလ ၁၂ ရက်၌ ရောင်းချသွားမည်ဟု တရုတ်စမတ်ဖုန်းကုမ္ပဏီမှ ကြေညာခဲ့သည်။ ထိုင်ဝမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင် ရောင်းချမည့်ရက်ကို မကြာမီ ကြေညာသွားမည်ဟု Xiaomi မှ ပြောကြားခဲ့သည်။

Xiaomi သည် Mi 4i ကို အိန္ဒိယနိုင်ငံတွင် စတင်ရောင်းချခဲ့စဉ်က ၁၅ စက္ကန့်အတွင်း အလုံးရေ ၄၀,၀၀၀ ရောင်းချခဲ့ရသည်။

Android 5.0 အသုံးပြုထားသည့် Mi 4i တွင် full-HD display နှင့် octa-core Qualcomm Snapdragon 615 ပရိုဆက်ဆာအပြင် 3,120mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။ ကျောဘက်တွင် 13-megapixel ကင်မရာပါဝင်ပြီး 16GB onboard သိုလှောင်မှုစနစ်နှင့် dual 4G SIM slot တို့ ပါဝင်သည်။

အခြား Xiaomi ထုတ်ကုန်များကဲ့သို့ပင် Mi 4i ကို Mi.com store မှတစ်ဆင့် ရောင်းချမည် ဖြစ်သည်။

စင်ကာပူတွင် Mi 4i ကို စင်ကာပူ ဒေါ်လာ ၂၇၉ (အမေရိကန် ဒေါ်လာ ၂၁၀) ဖြင့် ရောင်းချမည် ဖြစ်ပြီး ဟောင်ကောင်တွင် ဟောင်ကောင်ဒေါ်လာ ၁၅၉၉ (အမေရိကန် ဒေါ်လာ ၂၀၅) ဖြင့် ရောင်းချမည် ဖြစ်သည်။

Ref: CNET