Cinamon 2.4 ကို Ubuntu OS 14.04 နှင့် 14.10 တွင် ထည့်သွင်းခြင်း

nemo-file-manager-24-750x368-.gif

ပုံမှန်မြင်တွေ့နေကျ Ubuntu OS ရဲ့ Desktop သွင်ပြင်ကို အသုံးမပြုလိုသူများအတွက် မြင်ကွင်းပုံစံ ပြောင်းလဲပြီး ဒီဇိုင်းသစ်ဆန်းစေမယ့် Cinamon 2.4 ကို Ubuntu OS 14.04 LTS နှင့် 14.10 တို့တွင် ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  Cinamon 2.4 မှာ Feature အသစ်တွေ ထည့်သွင်းပေးထားတာ ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Cinamon 2.4 ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုဖို့အတွက်ပထမဆုံး Ubuntu OS Systemရဲ့ Package တွေကို Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Cinamon 2.4 ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

sudo add-apt-repository ppa:gwendal-lebihan-dev/cinnamon-nightly

sudo apt-get update && sudo apt-get install cinnamon ဆိုတဲ့ Command တွေကို အသုံးပြုပြီး ထည့်သွင်းရမှာ ဖြစ်ပါ

တယ်။ အကယ်၍ Cinamon Version အဟောင်းကို ထည့်သွင်းပြီးသား သူဆိုရင်တော့ အသုံးပြုရမယ့် Command က

-sudo apt-get update && sudo apt-get dist-upgrade

sudo apt-get purge cinnamon ဆိုတဲ့ Command တွေ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Cinamon 2.4 Version ကို Ubuntu OS 14.04 LTS နှင့် 14.10 တွေမှာ ထည့်သွင်း အသုံးပြုတဲ့နည်း ပြီးဆုံးပြီ ဖြစ်ပါတယ်။