Lenovo Thinkpad 8

cover2.jpg

တန်ဖိုး – ကန်ဒေါ်လာ ၃၉၉

အားသာချက် – Tablet တစ်လုံး အနေနဲ့သာမက တစ်ကိုယ်ရေသုံး ကွန်ပျူတာကဲ့သို့ပါ အသုံးပြုနိုင်မှာ ဖြစ်ပြီး Stroage ကလည်း များများထည့်သွင်း နိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် အခြေခံ သတ်မှတ်ထားတဲ့ Port တွေကိုလည်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။

အားနည်းချက် – ၈ လက်မ အရွယ်အစား Tablet တွေထဲမှာတော့ ဈေးနှုန်းမြင့်မားတဲ့ Tablet တစ်လုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက် – မကြာခဏ ခရီးသွားပြီး အလုပ်လုပ်ကိုင် နေသူများအတွက်တော့ အသုံးတည့်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်မှာပါ။ သယ်ဆောင်ရ လွယ်ကူပြီး Windows Operating System ကို အသုံးပြု ထားတာကြောင့် ဖိုင်တွေကိုလည်း အလွယ်တကူ ကူးယူပြီး သွားလေရာမှာ သယ်ဆောင် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် – Intel Atom Z3370 Chip ကို တပ်ဆင်ထားပြီး Quad Core Processor ကို အသုံးပြု ထားပါတယ် Processor ရဲ့ အမြန်နှုန်းကတော့ 2.4 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 2GB ထည့်သွင်း ပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Windows 8.1 32Bit ကိုအသုံးပြု ထားပါတယ်။ IPS LCD Capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1920 x 1200 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် ကင်မရာမှာ2.2 Megapixels သာရှိမှာဖြစ်ပြီး အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာကတော့ 8 megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-polymer ဘက်ထရီကို အသုံးပြုထားပြီး USB 3.0 စနစ်ကိုလည်း အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇိုင်း – Lenovo Thinkpad 8 Tablet ဟာ အနက်ရောင် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံကိုသာ အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ USB Charging, MicroSD Slot နဲ့ Mini HDMI Port တွေကို ညာဘက်ထောင့် အပေါ်နားလေးမှာ ထည့်သွင်းပေး ထားပါတယ်။

Ref : CNET