Engine Yard

Engine Yard သည် အချုပ်အချယ်ကင်းသည့် platform as a service (PaaS) ထောက်ပံ့ပေးသူ တစ်ဦးဖြစ်သည်။

PaaS ထောက်ပံ့သူများသည် cloud တွင် အသုံးချမည့် application များကို ဖန်တီးစမ်းသပ်သည့် developer များနှင့် DevOps များအတွက် လိုအပ်သည့် tool များ ထောက်ပံ့ပေးသည်။ Engine Yard သည် AWS EC2, Microsoft Azure နှင့် အခြားသော cloud infrastructure များပေါ်တွင် အသုံးပြုနိုင်မည့် application များကို အလိုအလျောက်သုံးနိုင်ခြင်း၊ သီးသန့်စီစဉ်ထားခြင်းနှင့် အသုံးချခြင်းတို့အတွက် ဝန်ဆောင်မှုများ ထောက်ပံ့ပေးသည်။

အဆိုပါ platform သည် Java, Ruby on Rails, PHP နှင့် Node.js developer များအား command line interface (CLI ) တစ်ခု သို့မဟုတ် dashboard တစ်ခုမှတစ်ဆင့် application များကို ထောက်ပံ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် application များအတွက် update များထွက်ပေါ်လာသည့်အခါ သတိပေးချက်များ သတ်မှတ်ပြီး ထိန်းချုပ်နိုင်သလို app configuration များအတွက် custom Chef recipe များကို အသုံးပြုနိုင်သည်။

Cloud application developer များနှင့် architect များသည် ဝန်ဆောင်မှုထောက်ပံ့ခြင်းကို ထိန်းချုပ်သည့် အဆင့်များနှင့် documentation အသေးစိတ်အပါအဝင် အခြားသော အကြောင်းကိစ္စရပ်များအတွက် Engine Yard ကို ရွေးချယ်ကြသည်။ Engine Yard ၏ ပြိုင်ဘက်များတွင် OpenShift, Google App Engine, Cloud Foundry နှင့် Heroku တို့ပါဝင်သည်။