URL shortening

URL shortener ဆိုသည်မှာ ရှည်လျားသည့် URL များကို တိုတောင်းသည့် URL များအဖြစ် ပြောင်းလဲဖော်ပြပေးသည့် ဝန်ဆောင်မှုတစ်ရပ် ဖြစ်သည်။ URL shortening ဝန်ဆောင်မှုများသည် URL ဦးတည်ရာ ပြောင်းလဲမှုအပေါ်တွင် အခြေခံသည်။

တိုတောင်းသည့် URL များကို ကိစ္စရပ်အချို့အတွက် အသုံးပြုသင့်သည်။ Email message များတွင်ပါဝင်သော ရှည်လျားသည့် URL များသည် တစ်ခါတစ်ရံတွင် မှားယွင်းမှုများ ဖြစ်ပွားပြီး အလုပ်မလုပ်သောကြောင့် ၎င်းအပေါ် ယုံကြည်အားထား၍ မရနိုင်ပေ။ ထို့အပြင် text message ပေးပို့ခြင်းနှင့် Twitter တွင် post တင်ခြင်းကဲ့သို့ အချို့သော ဆက်သွယ်မှုများ၌ စာလုံးရေ ကန့်သတ်မှုများ ရှိသောကြောင့် ရှည်လျားသည့် URL များအစား တိုတောင်းသည့် URL များဖြင့် သုံးစွဲရခြင်း ဖြစ်သည်။

URL shortener များတွင် ပါဝင်သည့် feature သည် ဝန်ဆောင်မှု တစ်ခုနှင့် တစ်ခုအလိုက် ကွဲပြားနိုင်သော်လည်း အောက်ပါ အချက်များ ပါဝင်နိုင်သည်။

– ခြေရာခံခြင်း၊ စိစစ်ပိုင်းခြားခြင်းနှင့် traffic ကိန်းဂဏန်းများကို ဖော်ပြခြင်း။

– ဝက်ဘ်ဆိုက်ထံ လည်ပတ်သွားရောက်ရန် မလိုဘဲ URL shortening ကို enable လုပ်နိုင်သည့် Bookmarklets ပါဝင်ခြင်း။

– Preview ကြည့်နိုင်ခြင်း။

– Keyword များ။

– Social bookmarking feature များတို့ ဖြစ်သည်။

ပထမဦးဆုံး URL shortener သည် TinyURL ဖြစ်ပြီး ၎င်းကို ယခုထိတိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ အခြားသော URL shortener များမှာ bit.ly, DwarfURL, is.gd နှင့် NotifyURL တို့ဖြစ်သည်။