iPhone 6 နှင့် iPhone 6 Plus အတွက် အကောင်းဆုံး Case များ

Exact-Frame-Series-.gif

Exact Frame Series

Exact Frame Series သည် bumper ပုံစံ case တစ်ခုဖြစ်သည်။ အရောင်မျိုးစုံဖြင့် ရရှိနိုင်ပြီး တန်ဖိုးက ၈ ဒေါ်လာ ဝန်းကျင် ဖြစ်သည်။

Luvvit Clear Grip

Luvvit Clear Grip မှာ ယခင်က iPhone 5S အတွက် ထုတ်ခဲ့ဖူးသည့် case ဖြစ်သည်။ တန်ဖိုးက ၁၀ ဒေါ်လာ ဝန်းကျင် ဖြစ်သည်။

Spigen Neo Hybrid Series

iPhone 6 အတွက် ထုတ်လုပ်ထားသည့် Spigen ၏ Neo Hybrid Series case ဖြစ်သည်။ တန်ဖိုးက ဒေါ်လာ ၂၀ ဝန်းကျင် ဖြစ်သည်။

Spigen Brushed Aluminum Fit Series

Spigen Brushed Aluminum  Fit Series case များကို အရောင်အချို့ဖြင့် ရွေးချယ်ရယူနိုင်သည်။ တန်ဖိုးမှာ ၁၅ ဒေါ်လာ ဝန်းကျင်ဖြစ်သည်။

Pad & Quill Little Pocket Bookor iPhone 6

Pad & Quill သည် စတိုင်ကျပြီး  တန်ဖိုးကြီးသော လက်လုပ် ပိုက်ဆံအိတ်ပုံစံ case ဖြစ်သည်။ ၎င်း case ကို ၆၉.၉၉ ဒေါ်လာဖြင့် မကြာမီ တင်ပို့ရောင်းချမည် ဖြစ်သည်။

 

Tech21 Classic Frame

Tech21 ကို iPhone 6 နှင့်  iPhone 6 Plus အတွက် ရရှိနိုင်သည်။ တန်ဖိုးက ၃၄.၉၉ ဒေါ်လာဖြစ်သည်။

Grovemade iPhone cases

Grovemade သစ်သားဖြင့် ပြုလုပ်ထားသော case ဖြစ်သည်။ လက်လုပ်အမျိုးအစား ဖြစ်သောကြောင့် ဈေးကြီးသည်။ iPhone 6 case အတွက်ပင်လျှင် ၉၀ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။

 

Spigen Wallet Case

Spigen Wallet သည် ပိုက်ဆံနှင့် လိပ်စာကတ်များပါ သိမ်းဆည်းထားနိုင်မည့် case ဖြစ်သည်။ အရောင်ကို ရွေးချယ်နိုင်ပြီး တန်ဖိုးက ၁၅ ဒေါ်လာ ဖြစ်သည်။

Poetic Atmosphere Series

Poetic Atmosphere Series  သည် ပါးလွှာပြီး ထွင်းဖောက်မြင်နိုင်သည့် case ဖြစ်သည်။ တန်ဖိုးက ၈ ဒေါ်လာ ဖြစ်သည်။

ECL USA Armor Slim Fit

ECL Armor Slim Fit မှာ kickstand တစ်ခု ပါဝင်သည့် case ဖြစ်သည်။ အရောင်မျိုးစုံဖြင့် ရရှိနိုင်ပြီး တန်ဖိုးက ၁၀ ဒေါ်လာ ဖြစ်သည်။

 

FYY Ultra Slim Smart cover

Video chatting ပြုလုပ်ခြင်းနှင့် ဗီဒီယို  ကြည့်ရှုခြင်းတို့အတွက် သင့်တော်မည့် FYY Ultra Slim Smart cover ဖြစ်သည်။ ၎င်းကို Amazon.comပေါ်မှ ၇ ဒေါ်လာဖြင့် ဝယ်ယူနိုင်သည်။

 

Jetech Bumper Cover

Jeteh Bumper cover သည်  ရိုးရှင်းပြီး ကျောဘက်ကို ထွင်းဖောက်မြင်နိုင်သည့် case ဖြစ်သည်။ ၄.၇ လက်မ နှင့် ၅.၅ လက်မ  iPhone 6 တို့အတွက် ရရှိနိုင်သည်။ တန်ဖိုးက ၆ ဒေါ်လာ ဝန်းကျင် ဖြစ်သည်။

 

Pong Sleek Case

Pong သည် ဖုန်းမှ ထွက်ပေါ်လာသည့် ဓာတ်ရောင်ခြည်ကို စုပ်ယူပေးသည့် case များအား ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

ကုမ္ပဏီ၏ iPhone 5/5S case များသည် ဒီဇိုင်းလှပသလို iPhone အမျိုးအစားသစ် အတွက် ထုတ်လုပ်ခဲ့သည့် case များမှာလည်း ယခင်ဒီဇိုင်းနှင့် တူညီသည်။  Pong Sleek case ကို ၅၀ ဒေါ်လာဖြင့် ရရှိနိုင်ပြီး  Rugged case ကို ၆၀ ဒေါ်လာဖြင့် ဝယ်ယူနိုင်သည်။

 

Obliq Xtreme Pro

အကြမ်းဒဏ်ခံနိုင်သည့် case ဖြစ်သည်။ Obliq Xtreme Pro ကို အရောင်မျိုးစုံဖြင့် ရရှိနိုင်ပြီး တန်ဖိုးက ၃၅ ဒေါ်လာ ဖြစ်သည်။

Versus Wallet case

ပိုက်ဆံအိတ်ပုံစံ ဈေးသက်သာသည့် case ကို ရှာဖွေနေသူများ အနေဖြင့် Versus Wallet ကို ထည့်သွင်းစဉ်းစားသင့်သည်။ အရောင်အချို့ဖြင့် ရွေးချယ် ဝယ်ယူနိုင်ပြီး တန်ဖိုးက ၂၀ ဒေါ်လာ ဖြစ်သည်။