Inner bag for Ultrabook

Inner-bag-for-Ultrabook-1.jpg

Laptop နှင့် အခြား IT ပစ္စည်းများကို သယ်ဆောင်ရာတွင် အဆင်ပြေစေမည့် ELECOM အမှတ်တံဆိပ် ZSB-IBUB02 မော်ဒယ် Inner bag ဖြစ်သည်။ ၁၃.၃ လက်မအရွယ်ရှိသော Ultrabook နှင့် A4 အရွယ်အစားရှိသော ဖိုင်များကို ထည့်သွင်းသယ်ဆောင်နိုင်မည်ဖြစ်သည်။ အိတ်အပြင်ပိုင်းကို သားရေသားဖြင့် ချုပ်ရိုးချုပ်သား သေသပ်စွာ ချုပ်လုပ်ထားသည်။ အိတ်အတွင်းပိုင်းတွင် ZeroShock အသားခံကာ ချုပ်လုပ်ထားပြီး  Ultra Book ထည့်ထားချိန်တွင် အိတ်အပေါ်သို့ သာမန်အရာဝတ္ထုပစ္စည်းများ မတော်တဆ ပြုတ်ကျထိခိုက်မှုဒဏ်ကို ကာကွယ်နိုင်သည်ဟု သိရသည်။ ZeroShock အသားကြောင့် သာမန်ရေစိမ့်ဝင်ခြင်းမှ ကင်းဝေးစေခြင်းအပြင် မျက်နှာပြင်မှာ နူးညံ့မှုရှိသည့်အတွက် Ultrabook ကို ခြစ်ရာ၊ အစင်းရာ ထင်ခြင်းဖြစ်ပေါ်စေခြင်းမှလည်း ကင်းဝေးစေမည်ဟု သိရသည်။ Ultrabook ထုတ်ယူအသုံးပြုရာတွင် Double Zipper ကို အသုံးပြုထားသည့်အတွက် အလွယ်တကူ ထုတ်ယူနိုင်ပြီး AC Adapter နှင့် အခြားAccessories များကို အရှေ့အိတ်အတွင်းတွင် ထားရှိနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၂၁,၀၀၀ ကျပ်ဖြစ်ပြီး CYBER PLUS ဖုန်း-၀၁-၂၂၁၇၉၂ နှင့် ၀၁-၂၂၇၅၉၃ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။