Dell Inspiron 14 3000 (3458) series အသစ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

IMAG0633-.jpg

Dell Inspiron 14 3000 (3458) series အသစ်မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ၂၄ ရက်တွင် ရန်ကုန်မြို့ Vintage Luxury Yacht Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ Inspiron 3458 Laptop တွင် Intel မှ နောက်ဆုံးထုတ် နည်းပညာအမြင့်ဆုံး စွမ်းဆောင်ရည် အမြင့်မားဆုံး 5th Generation CPU များ ထည့်သွင်း အသုံးပြုထားပြီး အမြင့်မားဆုံးသော Core i7 CPU အထိ ရရှိနိုင်သည်ဟု သိရသည်။ ပါးလွှာပေါ့ပါးသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး သွားလေရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ဘက်ထရီကို ၆ နာရီကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို KMD Co., Ltd နှင့် Golden Power Co., Ltd တို့၌ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။