Raijin Thunderkeg The Storm Spirit

storm-spirit-vestments-of-the-living-lightning-1920x1080-.jpg

Dota 2 Asia Championship (DAC) ပြိုင်ပွဲမှာ Evil Geniuses အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားအသစ် Sumail (၁၅ နှစ်) က ကိုင်တွယ်ကစားပြသွားပြီးနောက်မှာတော့ Raijin Thunderkeg The Storm Spirit ဟာ Public Matchmaking တွေမှာ တွေ့ရနှုန်း တစ်ဟုန်ထိုး တက်သွားတဲ့ Intelligence Carry Hero တစ်ကောင်ဖြစ်ပါတယ်။ Raijin ဆိုတဲ့အမည်ဟာ ဂျပန်ရှေးဟောင်း ဘာသာရေး ယုံကြည်မှုများထဲကမှ လျှပ်စီးမိုးကြိုးနတ်ဘုရားရဲ့ နာမည်ဖြစ်ပြီး v6.58 ကနေစပြီး လူအများ လက်ခံနိုင်တဲ့ လက်ရှိ Ability များအဖြစ် ပြောင်းလဲခဲ့တဲ့ Hero လည်း ဖြစ်ပါတယ်။ Initiator, Carry, Disabler အပြင် Escape Hero တစ်ကောင်လည်းဖြစ်လို့ ပွဲ စ၊ လယ်၊ ဆုံး အသုံးဝင်တဲ့ Raijin  Thunderkeg  ဟာ Captain Mode တွေမှာ မကြာခဏ တွေ့မြင်လာရပြီဖြစ်တဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။

Background Story

Storm Spirit ဆိုတဲ့ စကားလုံးကို အဟုန်ပြင်းတဲ့ လေထုနဲ့ ဥတုရာသီစွမ်းအား ၂ မျိုးအား ခက်ထန်ကြမ်းတမ်း၊ ပျော်ရွှင်မြူးတူးကာ ပိတ်ပင်တားဆီးမရသော အသွင်ရှိသည့် လူ့သဏ္ဌာန် ခန္ဓာကိုယ်တစ်ခုတည်းမှာ ထည့်သွင်းပေါင်းစပ်ထားတဲ့ သဘာဝရဲ့ ခွန်အားတစ်ခုလို့ အဓိပ္ပာယ် ဖော်ယူလို့ ရပါတယ်။ ထာဝရပျော်ရွှင်နေတဲ့ အသွင်နဲ့ ဒီဦးလေးကြီးဟာ တဂျွတ်ဂျွတ်မြည်နေတဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေပေမယ့် ဒီ ဖန်တီးမှုဖြစ်ပေါ်လာဖို့အတွက် နောက်ကွယ်မှာတော့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ရှိနေခဲ့ပါတယ်။ လွန်လေပြီးသော မျိုးဆက်များစွာတုန်းက သောကတောင်တန်းကြားမှာ စိတ်ထားကောင်းသော လူသား
မျိုးနွယ်တစ်စုဟာ မိုးခေါင်ပြီး ငတ်မွတ်ခေါင်းပါးတဲ့ ကြမ္မာဆိုးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ Thunderkeg လို့အမည်ရတဲ့ သာမန်အဂ္ဂိရက်ဆရာတစ်ဦးဟာ ဒီပြဿ     နာကို အကူအညီပေးလိုတဲ့အတွက် သုံးစွဲခွင့် တားမြစ်ပိတ်ပင်ထားတဲ့ ဂါထာမန္တာန် တစ်ခုကို ရွတ်ဆိုပြီး မိုးရွာသွန်းပေးစေဖို့ မုန်တိုင်းနတ်ဘုရားကို ဆင့်ခေါ်ကာ အသနားခံခဲ့ပါတယ်။ Raijin လို့ အမည်ရတဲ့ မိုးကြိုးမုန်တိုင်းနတ်ဘုရားဟာ သာမန်သေမျိုး လူသားတစ်ဦးက သူ့အား ဆင့်ခေါ်ခဲ့တဲ့အတွက် အမျက်ဒေါသတထောင်းထောင်းထပြီး တိုင်းပြည်တစ်ခုလုံးကို လေမုန်တိုင်းဖြင့် တိုက်ခတ်ကာရေလွှမ်းစေပြီး အမျက်ဒေါသတို့ဖြင့် တုံ့ပြန်ခဲ့ပါတော့တယ်။ နတ် ဘုရားတစ်ပါးနဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့အတွက် Thunderkeg ဟာ မိမိကိုယ်ကို စတေးခံပြီး Raijin နတ်ဘုရားကို ဟန့်တားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိမိနဲ့ နတ်ဘုရားရဲ့ ကံကြမ္မာနှစ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းစပ်စေဖို့ ကိုယ့်ကိုသေဆုံးစေမယ့် မန္တာန်ကို ရွတ်ဆိုပြီးနောက် Thunderkeg ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို လှောင်အိမ်တစ်ခုသဖွယ် စတေးပြီးနောက် မုန်တိုင်းနတ်ဘုရားကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ ကြမ္မာနှစ်ခု ပေါင်းစပ်ထားတဲ့ Thunderkeg ရဲ့ ခန္ဓာကိုယ်ဟာ အက်ကွဲကြေမွနေတဲ့ မုန်တိုင်းနတ်ဘုရားရဲ့ စွမ်းအားများ စီးဆင်းလျက်ရှိပြီး နတ်ဘုရား တန်ခိုး၊ လူ့ခန္ဓာကိုယ် ပေါင်းစပ်ထားသော ထာဝရပျော်ရွှင်မြူးထူးနေတဲ့ Raijin Thunderkeg ကို ဖြစ်ပေါ်လာစေခဲ့ပါတော့တယ်။

ပုံသေ Cooldown 3.5 seconds ပဲရှိပြီး တစ်ဆင့်တည်း ယူရုံနဲ့ 140 Damage အထိရှိတဲ့ Static Remnant ဟာ 12 seconds Duration ရှိပါတယ်။ တစ်ဆင့်ပိုယူလိုက်တိုင်း 40 Damage ဆီတိုးလာမှာဖြစ်ပြီး Mana Cost ဟာလည်း 10 ဆီ လိုက်တိုးလာမှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အသုံးပြုထားတဲ့အချိန်မှာ Remnant ဟာ 800 AoE Flying Vision ကို ရရှိစေမှာ ဖြစ်ပါတယ်။

Electric Vortex ကတော့ Enemy Unit ကို မိမိနားသို့ 100 Movement Speed နှုန်းနဲ့ ဆွဲခေါ်ပေးမှာဖြစ်ပြီး 300 Cast Range ရှိပါတယ်။ ပထမအဆင့်မှာ ဆွဲခေါ်ချိန်ဟာ 1 second ပဲရှိလို့ 100 Distance အထိပဲ Disable ဖြစ်နေမှာဖြစ်ပြီး နောက်ဆုံးအဆင့်မှာ ဆွဲခေါ်ချိန်ဟာ 2.5 seconds ကြာမှာ ဖြစ်လို့ 250 Distance အထိ အဆိုပါ Unit Disable ဖြစ်နေမှာ ဖြစ်ပါတယ်။ 2.5 seconds ကြာတဲ့ Disable Ability ဖြစ်လို့ အားနည်းချက်ကတော့ Storm Spirit ဟာ  မိမိဘာသာ 50% Movement Speed Slow ကို ဖြစ်ပေါ်စေမှာပါ။ ဒါပေမဲ့ Ultimate Ball Lightning ရှိနေ တဲ့အတွက် Movement Speed လျော့နေခြင်း က ပြဿ     နာ တစ်ခုတော့ မဟုတ်ပါဘူး။

Mana အသုံးပြုရတဲ့ သူ့ရဲ့အခြား Ability ၃ခု အသုံးပြုပြီး တိုင်းမှာ Overload ဖြစ်ပေါ်မှာဖြစ်ပြီး လာမယ့် Physical Attack တိုက်ခိုက်မယ့် Unit ရဲ့  275 AoE အတွင်းမှာ 30/50/70/90 Bonus Magical Damage ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ အဆိုပါ AoE အတွင်းမှာရှိတဲ့ Enemy Unit တွေအနေနဲ့ 80% MS Slow နဲ့ 50 Attack Speed Slow ကို ဖြစ်ပေါ်စေမှာဖြစ်ပေမယ့် Item အသုံးပြု ခြင်းကြောင့် Overload ကို ရရှိမှာ မဟုတ်ပါဘူး။ Overload ဟာ မိမိတိုက်ခိုက်လိုက်တဲ့ Projectile သတ်မှတ်နေရာကို မရောက်ခင်မှာ အသုံးပြုသမျှ Ability တိုင်းကြောင့် ဖြစ်ပေါ်တာဖြစ်လို့ Physical Attack ထိခါနီးမှ Remnant အသုံးပြု မယ်ဆိုရင်လည်း Overload ကို ဖြစ်ပေါ်စေမှာပါ။

Cooldown မရှိဘဲ Mana ကျန်သေးသလောက် ခုန်လို့ရတဲ့ Ball Lightning ဟာ Dota ရဲ့ အကောင်းဆုံး Ultimate တွေထဲကတစ်ခု ဖြစ်ပါတယ်။ Maximum Mana Pool များရင် များသလောက် Active Mana Cost နဲ့ Travel Mana Cost က တက်လာမှာဖြစ်ပြီး များများယူရင် Speed, Travel Damage နဲ့ Damage AoE တက်လာမှာ ဖြစ်ပါတယ်။ Ball Lightning စတင်အသုံးပြုတဲ့နေရာက စတင်တွက်ချက်မယ့် AoE Magical Damage ဟာ သွားရာလမ်းတစ်လျှောက် Distance 100 တိုင်းအတွက် 16 Damage နှုန်းနဲ့ တက်လာမှာဖြစ်ပေမယ့် မိမိရဲ့ Mana ကုန်ကျမှုကို အရင်တွက်ချက်သင့်ပါတယ်။ ထူးခြားချက်ကတော့ Ball Lightning သွားရာ လမ်းတစ်လျှောက်မှာ 1000 AoE Flying Vision ကို ရရှိနေမှာ ဖြစ်ပါတယ်။

ယခင် v6.58 Patch မတိုင်ခင်တုန်းက Storm Spirit ဟာ လူကြိုက်နည်းလောက်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။  Static Remnant နေရာမှာ Mana  တစိမ့်စိမ့်ကုန်ပြီး Attack Speed တက်စေမယ့် “Electric Rave”, Electric Vortex နေရာမှာ ယခု Ember Spirit ရဲ့ Flaming Guard နှင့် ဆင်တူတဲ့ “Barrier”, မိမိ တိုက်ခိုက်ထားတဲ့ Physical Attack အချက်ပေါ် မူတည်ပြီးမှ ဖြစ်ပေါ်လာမယ့် Overload နဲ့ ယခု Tusk ရဲ့ SnowBall နဲ့ ဆင်တူတဲ့ Ultimate “Lightning Grapple” တို့နဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ Patch နောက်မှာတော့ လူကြိုက်များတဲ့ Carry Hero တစ်ကောင် ပြန်ဖြစ်လာခဲ့ပါတယ်။ Hero ကောင်း တစ်ကောင်ဖြစ်ပေမယ့် Amateur, Professional, Premium အဆင့်တိုင်းမှာ ရွေးချယ်မှုနည်းပါးခဲ့သော်လည်း DAC Final Match မှာ ၆ မိနစ်အတွင်း ၅ ခါ သေပြီးမှ Comeback ဖြစ်အောင် ပြန်လည်ဆော့ပြခဲ့တဲ့ Sumail ရဲ့ Storm Spirit ကြောင့် တစ်ဟုန်ထိုးလူကြိုက်များတဲ့ Carry Hero တစ်ကောင် ဖြစ်လာခဲ့ပါတော့တယ်။

ကစားကွက်များစွာ ရှိတဲ့အထဲကမှ Sumail က Electric Vortex မယူဘဲ ဆော့ခဲ့တာ ဖြစ်ပေမယ့် ကစားသမား အများစုရွေးချယ်တဲ့ ကစားကွက်ကတော့ Overload ကို အရင်တင်ပြီး Remnant တစ်ဆင့်၊ Vortex လေးဆင့်ပုံစံကို အတွေ့ရ အများဆုံး ဖြစ်ပါတယ်။ 140 Damage ရှိတဲ့ Remnant ကို Mana ကုန်ကျစရိတ် သက်သာအောင် တစ်ဆင့်တည်းထားပြီး Electric Vortex  Cooldown ကိုလျှော့ချ ကာ ဆော့ကစားကြပေမယ့် မိမိနှစ်သက်ဖို့သာလျှင် အရေးအကြီးဆုံး ဖြစ်ပါတယ်။ v6.70 မတိုင်ခင် နှစ်များစွာက Power Tread + Linken + Dagon ဟာ လူကြိုက်အများဆုံး ကစားကွက်ဖြစ်ခဲ့ပေမယ့် လက်ရှိ Meta မှာတော့ Orchid သို့မဟုတ် Bloodstone ကို 2nd item အဖြစ် ရွေးချယ်ကြပါတယ်။ Ball Lightning ဟာ Mana Pool ရဲ့ Percentage ကို ကြည့်ပြီး တွက်ချက်တာဖြစ်လို့ Mana Pool များတဲ့ Item တွေထက် Mana Regen ကို ဦးစားပေးမယ့် Bloodstone ကို ရွေးချယ်ကြပြီး အချိန်တိုအတွင်းမှာ Magic Damage အမြောက်အမြားနဲ့ တိုက်ခိုက်နိုင်မှာဖြစ်လို့ ပိုမို သေချာစေမယ့် Soul Burn Damage ကို ရရှိစေမယ့် Orchid ဟာ လူစပ်အများဆုံး Item တစ်ခုလည်း ဖြစ်ပါတယ်။ Ball Lightning ရှိတဲ့အတွက် မိမိအသင်းသားတွေ နေရာမယူ နိုင်သေးခင်မှာ  Battle ကြိုမဝင်သင့်ဘဲ  Battle နောက်မှာ နေပြီး တိုက်ခိုက်မယ့် Enemy Hero (Sniper, Warlock, Pugna) တို့ကို တာဝန်ပေးဖို့ အခွင့်အရေးကို Storm Spirit က ပိုင်ဆိုင်ထားပါတယ်။ Strength နည်းပေမယ့် Battle အလယ်ထဲထိ ဝင်ရောက် တိုက်ခိုက်ရမှာဖြစ်လို့  3rd item ကို Black King Bar ရွေးချယ်ဖို့ အဓိက အကြံပြုလိုပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

yahooyeeha
www.myanmardota2.com
www.esportbee.com