Skill Game

skill.jpg

Skill Game သည် iPhone, iPad တို့ပေါ်တွင် ဥာဏ်စမ်းဂိမ်းကစားချင်သူများအတွက် အသုံးတည့်မည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းကို ကစားပုံမှာ နံပါတ်များပေးထားပြီး နံပါတ် ၁ မှ စကာ နံပါတ်စဉ် ဆုံးသည့်အထိ အစဉ်လိုက် မျဉ်းကြောင်းများကို တစ်ခုနှင့်တစ်ခု မဖြတ်သွားစေရန် ကစားပေးရမည် ဖြစ်သည်။

Skill Game ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါမှာတော့ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 6.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် App တစ်ခုလည်းဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။