Singapore Institute of Management တွင် Diploma in Management Studies ကို တက်ရောက်ခဲ့သော မောင်ထွဋ်မြတ်နောင်၏ Student Life

10730804_882708385074229_4124061291568362522_n.jpg

ဒီအပတ်မှာတော့ Singapore Institute of Management မှာ Diploma in Management Studies ကို တက်ရောက်ခဲ့တဲ့ မောင်ထွဋ်မြတ်နောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကျောင်းတက်ဖို့အတွက် ဘယ်လိုကြိုတင် ပြင်ဆင်မှုမျိုးတွေ လုပ်ခဲ့ရလဲ။

ကျောင်းတက်ဖို့ ပထမဦးဆုံး အနေနဲ့ IELTS လိုအပ်တဲ့အတွက် IELTS ဖြေဆိုခဲ့ပါတယ်။ IELTS ပြီးတော့ အင်္ဂလိပ်စာကိုပဲ အဓိကထား ပြင်ဆင်ခဲ့ပါတယ်။

ဘယ်ဘာသာရပ်ကို တက်ရောက်ခဲ့တာပါလဲ။ ဘာကြောင့် ဒီဘာသာရပ်ကို တက်ဖို့ ရွေးချယ် ဖြစ်ခဲ့တာလဲ။

ကျွန်တော် တက်ရောက်ခဲ့တဲ့ ဘာသာရပ်ကတော့ Diploma in Management Studies ပါ။ ဒီ Management ဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်း ရယ်ရွယ်ချက်က ကျွန်တော် ကိုယ်တိုင်က စီးပွားရေးကို စိတ်ဝင်စားတယ်။ အဲ့ဒီထဲမှာမှ စီမံခန့်ခွဲမှုကို ပိုစိတ်ဝင်စားတယ်။ ပြီးတော့ အခုတက်ရောက်ခဲ့တဲ့ ဒီပလိုမာမှာပါတဲ့ ဘာသာရပ်တွေကိုလည်း စိတ်ဝင်စားလို့ ရွေးချယ်ဖြစ် ခဲ့တာပါ။

စင်ကာပူကို ကျောင်းလျှောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

စင်ကာပူကို ကျောင်းလျှောက်ခဲ့တဲ့ အတွေ့အကြုံကတော့ ထွေထွေထူးထူး မရှိပါဘူး။ ကျောင်းလျှောက်မယ် ဆိုကတည်းက တော်တော်များများ လိုက်စုံစမ်း ဖြစ်ပါတယ်။ အဲ့ဒီကမှ STUDY ABROAD Information Centre ကို ရွေးဖြစ်ခဲ့တယ်။ ကျောင်းလျှောက်တော့  STUDY ABROAD Information Centre က တောင်းတဲ့ ကျောင်းလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းကို စုံစုံလင်လင်ပေးလိုက်ပါတယ်။ စင်ကာပူကို သွားခါနီးကျတော့ STUDY ABROAD Information Centre မှ အတူတူသွားမယ့် Intake ကိုချိန်းပြီး Departure Briefing ပုံစံမျိုးလေး တစ်ဦးနဲ့တစ်ဦးကို မိတ်ဆက်ပေးခဲ့ ပါတယ်။

ကြုံတွေ့လာတဲ့ Culture Shock တွေကိုရော ဘယ်လိုရင်ဆိုင် ဖြေရှင်းခဲ့သလဲ။

စင်ကာပူမှာ Culture Shock ကြီးကြီးမားမားတော့ မရှိပါဘူး။ စရောက်ရောက်ချင်း အနည်းငယ် အခက်အခဲတော့ ရှိပါတယ်။ သွားရေးလာရေး၊ စားသောက်ရေးတို့ပါ။ စရောက်ခါစဆိုတော့ သူတို့ချက်တဲ့ ထမင်းဟင်းက ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရာနဲ့မတူတော့ စစားတဲ့အခါ မစားတတ်ဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းတော့ အဆင်ပြေသွားတာပါပဲ။ သွားရေးလာရေးကတော့ စစချင်း အကြီးမားဆုံး အခက်အခဲပေါ့။ အခုမှ စရောက်ခါစဆိုတော့ ဘယ်လိုသွားရ၊ လမ်းတွေကလည်း မရင်းနှီး၊ ဒီလိုနဲ့ပဲ သင်ယူသွားရင်းနဲ့ပဲ ဖြစ်သွားတာပါပဲ။ နောက်တစ်ခုက ကျောင်းသွားတက်တယ် ဆိုကတည်းက တစ်ယောက်တည်း။ ရန်ကုန်မှာတုန်းက မိဘနဲ့ အစစအရာရာ မိဘကလုပ်ပေးတယ်။ ဟိုရောက်တော့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်ရတယ်။ ရန်ကုန်မှာထက် စာရင်တော့ ပင်ပန်းတယ်။ ကိုယ်ဘာဖြစ်လဲ ဖျားလား၊ စိတ်ညစ်လား၊ စာမလိုက်နိုင်ဘူးလား၊ အကုန်ကိုယ့်ကိုယ်ကို ဖြေရှင်းရတယ်။ အကုန်အိမ်ကို လှမ်းပြောနေလို့မှ မရတာကို။ ဘာပဲပြောပြော အဲ့ဒီလို လုပ်ခဲ့ရလို့လည်း အရင်ကထက် စာရင်တော့ ပိုပြီးရင့်ကျက် လာတယ်လို့တော့ ခံစားရတယ်။

ကျောင်းလျှောက်ထားခဲ့တဲ့ အေဂျင်စီနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

STUDY ABROAD Information Centre ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းက ကျွန်တော် ကျောင်းမလျှောက်ခင် တော်တော်များများ စုံစမ်းတယ်။ အဲ့ဒီကမှ STUDY ABROAD Information Centre နဲ့ တိုင်ပင်ရတာတွေ  အဆင်ပြေတယ်။ ကိုယ်သိချင်တာကို ပြောပြပေးနိုင်တယ်။ ပြီးတော့ သူငယ်ချင်း တွေကလည်း  STUDY ABROAD Information Centre အကြောင်းပြောတယ်။ အဲ့ဒါနဲ့ပဲ ရွေးဖြစ်သွားတာပါ။

အလုပ်အကိုင် အတွက်ကိုရော ဘယ်လိုမျိုး စဉ်းစားဖြစ်ခဲ့သလဲ။

ကျွန်တော့်ရဲ့ Career အတွက်ဆိုရင် ကျွန်တော့်မှာ အတွေ့အကြုံ မရှိတဲ့အတွက် အရင်ဆုံး အတွေ့အကြုံ ယူရမယ်။ ကျောင်းမှာ သင်ခဲ့တာတွေက သီအိုရီတွေပဲ။ လက်တွေ့အလုပ်နဲ့ ဘယ်လိုကွာလဲ၊ ဘယ်လိုပေါင်းစပ် လုပ်မလဲ စတာတွေကို အရင်လေ့လာ သင်ယူရမယ်။ ပြီးတော့မှပဲ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းမျိုး လုပ်မယ်ဆိုပြီး စဉ်းစားခဲ့တယ်။ ကျောင်းပြီးလို့ ရန်ကုန်ပြန်ရောက်တော့ ကျွန်တော်စဉ်းစား ခဲ့သလိုပဲ အရင်ဆုံး ကျွန်တော် စိတ်ဝင်စားတဲ့ Job Vacancy မျိုးရှာတယ်၊ အလုပ်လျှောက်တယ်။ အခုဆို ကျွန်တော် စိတ်ဝင်စားတဲ့ နယ်ပယ်မျိုးဖြစ်တဲ့ အလုပ်ကို ဧရာဝတီဘဏ်မှာ လုပ်နေပါပြီ။

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် အကြံပေးစကား ပြောပေးပါဦး။

နိုင်ငံခြားမှာ ကျောင်းသွား တက်မယ်ဆို သွားတက်ကြည့်ပါ။ အတွေ့အကြုံ အများကြီးရပါတယ်။ စစချင်း အခက်အခဲ အနည်းငယ် ရှိကောင်းရှိမယ်။ ဒါတွေက ခဏပါပဲ။ ကြာလာတာနဲ့အမျှ နေသားကျပါတယ်။ Student Activity တွေ အများကြီးနဲ့ ပျော်ဖို့လည်း ကောင်းပါတယ်။