ခေတ်စားလာသော စမတ်နာရီများ

IJ.jpg

၂၀၁၅ အထိ ခေတ်စားနေသေးတဲ့ အကောင်းဆုံးစမတ်နာရီတွေထဲမှာ LG, Samsung, Sony တို့က ထုတ်လုပ်တဲ့ စမတ်နာရီများမှာ အများစုပါဝင်ကြပါတယ်။ ဒီလိုပြောလိုက်တဲ့အတွက် ဒါတွေက အကောင်းစားတွေလို့တော့ ပြောလို့မရပါဘူး။ အခုမှ စမတ်နာရီက ခေတ်စခါစသာ ရှိသေးတဲ့အတွက် လိုအပ်ချက်တွေကတော့ ရှိနေပါအုံးမယ်။

စာတိုပို့တာတွေ၊ ဖုန်းခေါ်တာနဲ့ ဖြေတာတွေအပြင် အီးမေးလ်ရောက်ကြောင်း သတိပေးတာတွေကို လုပ်လာနိုင်ပါပြီ။ သတိပေးတဲ့အချက်နဲ့ App တွေက စမတ်ဖုန်းတွေနဲ့ အကောင်းဆုံး အားကစား သုံးလက်ပတ်တွေရဲ့ အဓိက ကွာခြားချက် ဖြစ်ပါတယ်။

လက်ရှိမှာ Apple နာရီလည်း ဈေးကွက်ထဲကို ရောက်လာတော့မှာပါ။ Apple ရဲ့ထုံးစံအတိုင်း ဒီဂျစ်တယ် လက်ပတ်နာရီခေတ်ကို ပွင့်လာစေမယ့် သော့တစ်ချောင်း ဖြစ်လာမယ်လို့ Apple Watch ကို လူတိုင်းက မျှော်လင့်ထားကြပါတယ်။ အခုအချိန်မှာတော့ စမတ်နာရီတွေက စမတ်ဖုန်းရဲ့ အပိုပစ္စည်းတွေအဆင့်လောက်သာ ရှိနေပါသေးတယ်။ မိုဘိုင်းဖုန်းတွေ လက်ရှိအချိန်မှာခေတ်စားနေသလို အနာဂတ်မှာ စမတ်နာရီတွေ ခေတ်မစားဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

၂၀၁၅ အထိ ခေတ်စားနေသေးတဲ့ အကောင်းဆုံးစမတ်နာရီများ

1. LG G Watch R

တန်ဖိုး – ကန်ဒေါ်လာ ၃၀၀

LG G Watch R အားကစားပုံစံဆန်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒီလိုစတိုင်ကြိုက်သူတွေက နှစ်သက်မယ့် Android စနစ်သုံး စမတ်နာရီပါ။ 1.2GHz Snapdragon 400 ပရိုဆက်ဆာ၊ RAM 512MB နဲ့ internal storage 4GB ထည့်ပေးထားပါတယ်။ Display ကတော့ အရောင်စိုပြည်တဲ့ P-OLED screen ကို သုံးထားပါတယ်။

2. Sony Smartwatch 3

တန်ဖိုး – ကန်ဒေါ်လာ ၂၄၉

Sony က အရင်ထုတ်ခဲ့တဲ့ Smartwatch 2 ကို နမူနာယူပြီးတော့ အသစ်ကို ထပ်ထုတ်တယ်လို့ ယူဆရပါတယ်။ Sony Smartwatch 3 ရဲ့ Android စနစ်သုံးနာရီပါ။ 1.2GHz quad-core ပရိုဆက်ဆာနဲ့ RAM 512MB ကို ထည့်ပေးထားပါတယ်။  GPS built in ပါရှိပြီး အခြား စမတ်နာရီတွေနဲ့မတူတာက အားကစားသမားတွေအတွက် ထုတ်ထားတဲ့ လိုအပ်ချက်တွေအကုန်ပါအောင် ထည့်ပေးထားတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် လူသုံးကုန် အီလက်ထရွန်နစ်ပြပွဲမှာတော့ Sony က စတီးကိုယ်ထည်နဲ့ပြုလုပ်ထားတဲ့ Smartwatch 3 ကို မိတ်ဆက်ပေးခဲ့ပါတယ်။

3. Moto 360

တန်ဖိုး – ကန်ဒေါ်လာ ၂၂၉.၅၈

Moto 360 ဟာ အတော်ကို လှပပါတယ်။  လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်မယ့် Android စနစ်သုံး စမတနာရီဖြစ်ပါတယ်။ ၁.၆၅ လက်မ အရွယ် display ပါရှိပြီး ကိုယ်ထည်က စတီးနဲ့ပြုလုပ်ထားပါတယ်။ လက်ပတ်နေရာကတော့ အမျိုးအစားကောင်းတဲ့ သားရေ လက်ပတ် ဖြစ်ပါတယ်။

စမတ်ဖုန်းမှာ ပေးနေကျ စာတိုပို့တာ၊ အီးမေးလ်လက်ခံတာနဲ့ပို့တာ၊ ဖုန်း အဝင်/ အထွက်တွေ လက်ခံတာအပြင် ဖုန်းမှာရှိတဲ့ အသိပေးချက်တွေ အကုန်လုံးကို နာရီမှာဖော်ပြပေးမှာ ဖြစ်ပါတယ်။

4. Asus Zenwatch

တန်ဖိုး – ကန်ဒေါ်လာ ၁၈၁.၇၅

စတိုင်ကျလှပတဲ့ အခြေခံ Android စနစ်သုံးနာရီကို ရှာနေတယ်ဆိုရင်တော့ ZenWatch ကစိတ်ဝင်စားဖွယ်ရာပါ။ အခြား စမတ်နာရီတွေနဲ့ဈေးနှုန်းပိုင်းတူပေမယ့် နည်းပညာပိုင်းမှာတော့ အနည်းငယ် ကွဲထွက်နေတယ်လို့ ပြောနိုင်ပါတယ်။

အစောပိုင်း Android နာရီတွေဖြစ်တဲ့ LG နဲ့ Samsung တို့ထက် ဒီဇိုင်းပိုင်းမှာ အတော်ကောင်းပါတယ်။ ဒါပေမဲ့ Moto 360 လောက်တော့ ရေပန်းမစားပါဘူး။

5. Pebble Steel

တန်ဖိုး – ကန်ဒေါ်လာ ၁၉၉

နာရီက ပထမ စမတ်ဖြစ်ဖို့က ဒုတိယ။ Android မဟုတ်တဲ့ စမတ်နာရီတွေထဲမှာတော့ Pebble Steel က ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ စတီးကိုယ်ထည်က ဆွဲဆောင်မှုရှိပါတယ်။ ၁.၂၆ လက်မအရွယ် e-paper LCD ကို screen အဖြစ်ထည့်ပေးထားပါတယ်။ အရောင်ကတော့ ငွေရောင်နဲ့ အမည်းရောင်နှစ်မျိုးသာ ရှိပါတယ်။

စာတိုပို့တာ၊ အီးမေးလ်စစ်တာနဲ့ အသိပေးတာတွေကို လုပ်နိုင်ပါတယ်။ Pebble Steel ရဲ့ ဘက်ထရီ သက်တမ်းက Moto 360 လိုမဟုတ်ပါဘူး။ တစ်ကြိမ်အားသွင်းထားရင် ၄ ရက်လောက်ခံပါတယ်။ App ပေါင်း ၄၀၀၀ လောက်ရှိပါတယ်။

6. Pebble

တန်ဖိုး – ကန်ဒေါ်လာ ၈၉.၉၉

Pebble ကတော့ ဒီစာရင်းထဲမှာ အဟောင်းဆုံးလို့ ပြောရင်ရနိုင်ပါတယ်။ Pebble Steel နဲ့ Specification တွေ တူညီပါတယ်။  ပြီးတော့ ဈေးပေါတယ်။ ပုံစံကတော့ အချိုးမကျတဲ့ပုံစံဖြစ်နေပေမယ့် အရောင်တွေကိုတော့ နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။

၁.၂၆ လက်မအရွယ် e-paper LCD ပါရှိပါတယ်။ iOS ရော Android ပါ သုံးစွဲနိုင်ပါတယ်။ Apple ဒါမှမဟုတ် Google ကထုတ်တဲ့ ဘယ်လိုဖုန်းအမျိုးအစားကိုမဆို ထည့်ပေးထားတဲ့ Bluetooth 4.0 ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ရေစိုတာကိုလည်း ခံနိုင်ရည်ရှိပါတယ်။ Kickstarter ကို ထည့်ပေးထားပြီး app ပေါင်း ၄၀၀၀ လောက်အထိ သုံးနိုင်မယ်လို့ ဆိုထားပါတယ်။

7. Samsung Gear Live

တန်ဖိုး – ကန်ဒေါ်လာ ၁၉၉.၉၉

ဒီ samsung နာရီက လေးထောင့်ဆန်ပါတယ်။ Samsung Gear Live ကအစောပိုင်း Android စနစ်သုံးဖုန်းတွေထဲမှာ စိတ်ဝင်စားတာခံရပါတယ်။ ဒီဇိုင်းက ပုံမှန်လက်ပတ်နာရီတွေအတိုင်း ဖြစ်တဲ့အတွက် ဝတ်ဆင်ရသုံးစွဲရတာ အတော်ကောင်းပါတယ်။

Gear Live မှာ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့စနစ်၊ သေးငယ်တဲ့ ခရီးဆောင်အားသွင်းစက် ပါရှိပါတယ်။ ၁.၆၃ လက်မအရွယ် Super AMOLED display ထည့်ထားပြီး resolution က 320 x 320 ရှိပါတယ်။ Gear Live ရဲ့ ကိုယ်ထည်ကို သန့်ရှင်းသပ်ရပ်တဲ့ သတ္တုကိုယ်ထည်နဲ့ပြုလုပ်ထားပြီး Google ရဲ့ Voice recognition စနစ်ပါ ရှိပါတယ်။

8. Sony SmartBand Talk

တန်ဖိုး – ကန်ဒေါ်လာ ၁၆၉.၉၉

Sony SmartBand Talk ကတော့ ထူးထူးဆန်းဆန်းလုပ်မနေဘဲ သက်သောင့်သက်သာရှိရှိဝတ်နိုင်ဖို့ကို ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နာရီက အားကစားသမားသုံးလက်ပတ်နဲ့ တူနေပါတယ်။ ဈေးနှုန်းကပိုင်းလည်း သိပ်မများပါဘူး။ စကားပြောဖို့ သက်သက်အတွက်ပဲ ဆိုရင်တော့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

သေးငယ်တယ်။ ပေါ့ပါးတယ်။ ပြီးတော့ သုံးရတာ သက်သောင့်သက်သာ ရှိတယ်ပေါ့။ ဒီဇိုင်းပိုင်းကတော့ လန်ပြန်ထွက်နေတာမဟုတ်ပါဘူး။ နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပါတယ်။ အဖြူ၊ အမည်းကိုသာ ရွေးမယ်ဆိုရင်လည်း ရပါတယ်။။ Screen ကလည်း မှတ်စုရေးဖို့အတွက်လောက်တော့ အခက်အခဲ မရှိပါဘူး။

9. LG G Watch

တန်ဖိုး – ကန်ဒေါ်လာ ၁၂၃.၇၂

LG G Watch က ပထမဆုံးသော Android OS သုံး စမတ်နာရီ ဖြစ်ပါတယ်။ ဒီဇိုင်းက လေးထောင့်ပုံစံဖြစ်ပြီး ပလတ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ထည့်သုံးထားတဲ့ ဘက်ထရီ သက်တမ်းကတော့ သာမန်အဆင့်လောက်ပါပဲ။  စာတိုပို့တာ၊ ဖုန်း အဝင်/အထွက် လက်ခံတာနဲ့ အီးမေးလ်ပို့တာတွေအတွက် လက်ကောက်ဝတ် ပေါ်ကနေဘဲ လုပ်နိုင်ပြီလို့ နာရီထုတ်တုန်းက ကြေညာပါတယ်။ ဒီနာရီက LG G3 နဲ့ တွဲသုံးရမှာ ဖြစ်ပါတယ်။

ကွန်ပျူ တာနဲ့လုပ်ထားတဲ့ ပလတ်စတစ်ပုံစံပေါက်နေပြီး LG G Watch ဟာ ဖုန်မဝင်နိုင်ဘူးလို့ ဆိုပါတယ်။ နာရီရဲ့ဘေးဘယ်ညာမှာ ခလုတ်တွေမပါတဲ့အတွက် အမြင်ကတော့ ဆန်းနေပါတယ်။ ဒီနာရီမှာရှိတဲ့ အပြစ်အနာဆာအားလုံးကို LG G Watch R မှာ ပြင်ဆင်ထားတာတွေ့ရပါတယ်။

10. Samsung Gear S

တန်ဖိုး – ကန်ဒေါ်လာ ၃၄၉

Gear S က အရွယ်အစားကြီးတာကို ထည့်မတွက်သူဆိုရင်တော့ အလွန်ကြည့်ကောင်းတဲ့ စမတ်နာရီတစ်လုံး လို့ပြောရမှာပါ။ Moto 360 ဒါမှမဟုတ် LG G Watch R တို့နဲ့ ဆင်တယ်ဆိုရုံလေး ပြောနိုင်ပြီး  Samsung က Gear S ကို ကိုယ်ပိုင်ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

AMOLED screen ပါရှိပြီး Tizen OS ကို ထည့်သုံးထားပါတယ်။ ဒီ OS က Samsung ရဲ့ ကိုယ်ပိုင် OS ဖြစ်ပါတယ်။ ဒါပေမဲ့ နာရီအတွက် ရယူသုံးစွဲနိုင်တဲ့ App က အကန့်အသတ်နဲ့ ရှိနေပါတယ်။

နာရီကို သုံးမယ်ဆိုရင်တော့ Samsung ဖုန်းနဲ့ တွဲဖက်ပြီးတော့ သုံးရပါလိမ့်မယ်။ ဖုန်း အဝင်/ အထွက်နဲ့ စာပို့တာအတွက် သီးသန့်သာဆိုရင်တော့ ဈေးကများနေပါသေးတယ်။ Gear S မှာ Wi-Fi ပါရှိပါတယ်။