LG ဖုန်းအား အဝေးထိန်း Remote Control အဖြစ် အသုံးပြုခြင်း

User-Guide2.jpg

LG ဖုန်းကို Remote Control အဝေးထိန်း စနစ်အဖြစ် အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ မိုဘိုင်းဖုန်းတွေကို Remote Control အဖြစ် အသုံးပြုနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ နည်းပညာမြင့် စမတ်ဖုန်း တော်တော်များများမှာ Remote Control စနစ်ဟာ ပါဝင်လာနေခဲ့ပါပြီ။

မိုဘိုင်းဖုန်း တစ်လုံးကို Remote Control အဖြစ် အသုံးပြု နိုင်ဖို့အတွက် App တွေလည်း ရှိနေပါတယ်။ သို့ပေမယ့် အချို့ App တွေဟာ ဖုန်းနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် Remote စနစ်ကို အသုံးပြု လို့ မရတာမျိုးတွေ များပါတယ်။ ဖုန်းမှာတစ်ပါတည်း ပါဝင်လာတဲ့ Remote Control စနစ်တွေကတော့ အကောင်းဆုံး အသုံးပြုနိုင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။ စတင်ပြီး လေ့လာကြည့်ကြပါမယ်။ LG ဖုန်းတွေမှာတော့ Remote စနစ်ကို ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။

App ကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ပထမဆုံး အနေနဲ့ အပေါ် ထိပ်ညာဖက်ထောင့် နားမှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုးမြင် တွေ့ရပါ လိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Remote အဖြစ် အသုံးပြုနိုင်မယ့် ပစ္စည်းတွေကို ဖော်ပြပေးထားတာ ရှိပါတယ်။ TV, Set top box, Audio, DVD, Blu-ray, Air Conditioner, Projector အစရှိ သဖြင့် အသုံးပြုနိုင်မယ့် ပစ္စည်းတွေ ခွဲခြားပေးထားပါတယ်။ ဥပမာအနေနဲ့ TV ကို ရွေးချယ်လိုက် ကြပါမယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Remote အဖြစ် အသုံးပြုနိုင်မယ့် TV အမျိုးအစားတွေကို ဖော်ပြပေးထားတာ ရှိပါတယ်။ ကိုယ်အသုံးပြုမယ့် TV အမျိုးအစားကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကိုယ်အသုံးပြုမယ့် TV နဲ့ Remote စနစ်နဲ့ ကိုက်ညီမှု ရှိမရှိကို စမ်းသပ်ခိုင်း ပါလိမ့်မယ်။ Power, အသံတိုးကျယ် အစရှိတဲ့ စနစ်တွေကို စမ်းသပ်ခိုင်း ပါလိမ့်မယ်။

စမ်းသပ် အသုံးပြုခြင်းတွေ ပြီးတဲ့အချိန်မှာတော့ Remote ကို Input လုပ်မလားဆိုပြီး Yes or No မေးပါ လိမ့်မယ်။

Yes ကို နှိပ်လိုက်ရင်တော့ Remote ကို လိုအပ်တဲ့ အချိန်တိုင်းမှာ အသုံးပြု နိုင်ဖို့အတွက် သိမ်းထားပေးမှာ ဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ မိမိအသုံးပြုချင်တဲ့ Remote Control စနစ်တွေကို အများအပြား မှတ်သားထား နိုင်ပါလိမ့်မယ်။ မှတ်သားမှုတွေကို ပြန်ဖျက်ချင်တယ် ဆိုရင်တော့ Menu ကိုနှိပ်လိုက်ပါ။

Menu ထဲမှာ Delete ဆိုတာရှိပါတယ်။ Delete နဲ့ ဖျက်နိုင်သလို Edit Remote Name ဆိုတဲ့  နေရာမှာလည်း ကိုယ်မှတ်သားထားတဲ့ Remote Name ကိုပြောင်းလဲ မှတ်သားနိုင်ပါတယ်။ ဒါ့အပြင် အခြား အသုံးပြုနိုင်မယ့် စနစ်အများ အပြားကိုလည်း ဒီနေရာမှာ မြင်တွေ့ နိုင်ပါလိမ့်မယ်။ Remote Control စနစ်ကိုတော့ နောက်ပိုင်းထွက် LG ဖုန်းတွေမှာ မြင်တွေ့နိုင်သလို နောက်ပိုင်းထွက် အခြားဖုန်း Brand အမျိုးအစား တွေမှာလည်း ပါဝင်လာတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။