Google News ကို အဆင့်မြှင့်တင်ရန် ထုတ်ဝေသူများနှင့် Google ဆွေးနွေးမှုများ ပြုလုပ်

111_Eighth_Avenue.jpg

Google သည် ၎င်းသတင်း ဝန်ဆောင်မှုကို အဆင့်မြှင့် တင်ရန်အတွက် ဥရောပရှိ ထုတ်ဝေ သူများနှင့် ပဏာမ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးမှုတွင် Google သည် ဒီဂျစ်တယ် ဂျာနယ်လစ်ဇင် ပြောင်းလဲခြင်းနှင့် စာဖတ်သူများအတွက် သင့်တော်မည့် သတင်း အကြောင်းအရာများ ဖန်တီးနိုင်မည့် စီမံကိန်းများကို လာမည့်သုံးနှစ်အတွင်း အကောင်အထည် ဖော်ရန်အတွက် လာမည့်သုံးနှစ်အတွင်း ကန်ဒေါ်လာ ၁၆၄ သန်း ငွေကြေးထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ Google အနေဖြင့် သုံးစွဲသူများသို့ သတင်း အကြောင်းအရာများစွာ ဖော်ပြပေးခြင်းနှင့် ဒီဂျစ်တယ် ဂျာနယ်လစ်ဇင် ပြောင်းလဲနိုင်ရန် ငွေကြေးထောက်ပံ့ ပေးခြင်းဖြစ်သည်။ ထုတ်ဝေသူနှင့် အယ်ဒီတာ

များထံမှ အမြင်များတွင် စမ်းသပ်မှုများကို လုပ်ကိုင်လိုခြင်းကို တွေ့ရှိရကြောင်း၊ သို့သော်လည်း ထိုသို့ပြုလုပ်ရန် ငွေကြေး လိုအပ်ကြောင်း၊ ဒီဂျစ်တယ် ဂျာနယ်လစ်ဇင်တွင် အတွေးအခေါ်သစ်ဖြင့် ဖန်တီးထားသော စီမံကိန်းများ ပေါ်ပေါက်လာ စေလိုကြောင်း၊ ဥရောပတွင် လူများစမ်းသပ်မှုများ ပြုလုပ်ထားသော အွန်လိုင်း သတင်းများကို အသုံးချ သွားမည်ဖြစ်ကာ ထိုလူများထဲတွင် နိုင်ငံသားနှင့် ဒေသဆိုင်ရာ ထုတ်ဝေ သူများလည်း ပါဝင်လာမည် ဖြစ်ကြောင်း ဥရောပရှိ Google ၏မဟာဗျူဟာမြောက် ပူးပေါင်းမှုဆိုင်ရာ ကာလိုဒီ အာဆာရို ဘိုင်အွန်ဒိုက ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ဥရောပမှ သတင်းစာများနှင့် ပူးပေါင်းမှု လျော့နည်းလျက် ရှိသောကြောင့် စာဖတ်သူများသည် ထုတ်ဝေသူများက Google News မှဖြုတ်ချထားသော အကြောင်းအရာများကို မမြင်တွေ့ရပေ။ ထိုသို့ပဏာမ ဆွေးနွေးမှုများကြောင့် Google နှင့် ဥရောပရှိ သတင်းစာ ထုတ်ဝေသူတို့အကြား ဆက်ဆံရေး ပိုမိုကောင်းလာပြီး ထုတ်ဝေသူများက ၎င်းတို့၏ သတင်းများကို Google News တွင်ပိုမိုဝေမျှ လာမည်ဖြစ်သည်။

Ref : CNET