PulseAudio Equalizer ကို Ubuntu OS တွင် ထည့်သွင်းခြင်း

pulse-audio-equalizer-install-software.jpg

Ubuntu OS သုံးစွဲသူများ Ubuntu OS ပေါ်ကနေ Audio အသံပိုင်း ကောင်းကောင်းကို ခံစားနားဆင် နိုင်ရန်အတွက် Audio Equalizer ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ PulseAudio Equalizer ကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ အသံကို ချိန်ညှိကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာPulse Audio Equalizer ကို ထည့်သွင်း ဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့  Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  Update အရင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

နောက်တစ်ဆင့်ကတော့ PulseAudio Equalizerကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command ကို  ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:alex-wv/pulseaudio-equalizer-ppa

sudo apt-get update

sudo apt-get install pulsea

udio-equalizer

ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။ အဆိုပါ Command  တွေကိုထည့်သွင်း ပြီးပြီဆိုရင် Pulse-Audio Equalizer နဲ့ သက်ဆိုင်တဲ့ Package တွေကို Download ပြုလုပ်ပြီး တစ်ခါတည်း Install ပြုလုပ် ပေးသွားမှာ ဖြစ်ပါတယ်။

Equalizer ရဲ့ Configuration မှာ လိုအပ်သလို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ချိန်ညှိပြီးသား Settings တွေကို ရွေးချယ် အသုံးပြုချင်တယ် ဆိုရင်လည်း အလွယ်တကူနဲ့ ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်သလို၊ မိမိကိုယ်တိုင် Custom ဖန်တီးထားတဲ့ Settings ကိုလည်း Save ပြုလုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် မိမိချိန်ညှိထားတဲ့ Custom Settings ကို အခြားသူတွေ ဝင်ရောက်ပြင်ဆင်ခြင်း မပြုနိုင်စေဖို့ အတွက်လည်း ကာကွယ်ပေး ထားနိုင်မှာ ဖြစ်ပါတယ်။