Web designer များအတွက် open-source text editor ဖြစ်သည့် Brackets v1.0 ကို Adobe ဖြန့်ချိ

ExtractBrackets_3.jpg

HTML, CSS နှင့် JavaScript အတွက် အခမဲ့ open-source text editor တစ်ခုဖြစ်သည့် Brackets version 1.0 ကို Adobe ကဖြန့်ချိပေးခဲ့သည်။

Windows, Mac နှင့် Linux အတွက် ဖြန့်ချိထားသည့် Brackets ကို Web designer များနှင့် developer များအတွက် ရည်ရွယ်ထားပြီး ၎င်းတွင် browser မြင်ကွင်းနှင့် source code တို့အကြား အလွယ်တကူ ပြောင်းလဲနိုင်မည့် Live Pre- view ကဲ့သို့သော feature များပါဝင်သည်။ ထို့အပြင် သုံးစွဲသူများသည် ၎င်းတို့၏ လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေမည့် Gitintegration နှင့် JSHint support ကဲ့သို့သော extension များကို download ဆွဲကာ အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ ဖြန့်ချိမှုတွင် Extract for Brackets ဟုခေါ်သော extension တစ်ခုလည်း ပါဝင်သည်။ အဆိုပါ extension သည် PSD မှ ဒီဇိုင်း အချက်အလက်တစ်ခုကို အလိုအလျောက်ရယူကာ သပ်ရပ်သည့် CSS ကိုဖန်တီးနိုင်သည်။

Brackets ကို လွန်ခဲ့သည့် သုံးနှစ်ကျော်က open-source စီမံကိန်းတစ်ခုအနေဖြင့် စတင်ခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် text editor ကို စိတ်ကြိုက်ပြင်ဆင် လိုသူများသည် app ၏ Github စီမံကိန်းစာမျက်နှာတွင် source code ကိုရယူပြီး စိတ်ကြိုက်ပြင်ဆင် နိုင်မည်ဖြစ်သည်။

– Ref: TNW