YouNow livestreaming app ကို လစဉ် အသုံးပြုသူ သန်း ၁၀၀ အထိရှိလာ

screen-shot-2015-04-28-at-10.jpg

YouNow livestreaming မိုဘိုင်းနှင့် ဝက်ဘ်ဆိုက်ကို လစဉ် အသုံးပြုသူ သန်း ၁၀၀ အထိရှိလာပြီး ဆယ်ကျော်သက်များစွာ အသုံးပြုလျက် ရှိကြောင်းသိရသည်။

YouNow ၏သုံးစွဲသူများ ၇၀ ရာခိုင်နှုန်းသည် အသက်၂၄ နှစ် အောက်များဖြစ်ပြီး နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်မှု ၁၅၀,၀၀၀ ခန့်ရှိကြောင်း ကုမ္ပဏီ တည်ထောင်သူ အာဒီဆိုက်ဒ်မင်းက ပြောဆိုခဲ့သည်။ နှိုင်းယှဉ်ချက်များအရ Twitter ၏ livestreaming app ဖြစ်သော Periscope သည် ၁၀ ရက်အတွင်း သုံးစွဲသူ ၁ သန်း ရှိလာကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။  YouNow app သည် အခြား live-streaming ဝန်ဆောင်မှုဖြစ်သည့် Periscope သို့မဟုတ် Meerkat ကဲ့သို့ပင် ဖျော်ဖြေမှု ပြုသူများနှင့် ပရိသတ်အကြား ဆက်သွယ်မှု တစ်ခုဖြစ်သည်။ YouNow တွင်မိုဘိုင်း session အတွက် ပျှမ်းမျှကြာချိန်မှာ ခြောက်မိနစ်ဖြစ်ပြီး မိုဘိုင်း broadcast ၏ပျှမ်းမျှကြာချိန်မှာ ၁၈ မိနစ်ခန့်ရှိသည်။

YouNow ထုတ်လွှင့်မှုတွင် အဓိက feature နှစ်ခု ပါဝင်သည်။ ၎င်းတို့မှာတိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုများ ပြုလုပ်နိုင်မည့် window တစ်ခုနှင့် သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့် သူများနှင့် ဆက်သွယ်နိုင်မည့် window တစ်ခုတို့ ပါဝင်သည်။ ထို့အပြင် YouNow သည် သုံးစွဲသူများမှ ဝယ်ယူမှုများ ပြုလုပ်နိုင်ရန် Bars ဟု အမည်ရသည့် ငွေကြေးစနစ်ကို အသုံးပြုထားသည်။ ၎င်းငွေကြေး စနစ်ဖြင့် သုံးစွဲသူများသည် virtual ကုန်ပစ္စည်းများ ဝယ်ယူနိုင်ပြီး ၎င်းတို့ နှစ်သက်သည့် တိုက်ရိုက် ထုတ်လွှင့်မှု ပြုသူများကို လက်ဆောင် ဝယ်ပေးနိုင်သည်။

Ref: BusinessInsider