Motorola ဝက်ဘ်ဆိုက်တွင် Nexus 6 စမတ်ဖုန်းများအားလုံး ရောင်းချနိုင်ခဲ့

Google_Nexus_6_by_Motorola.jpg

Nexus 6 စမတ်ဖုန်းများကို Google Play နှင့် Motorola ဝက်ဘ်ဆိုက်များ ပေါ်တွင်ရောင်းချခဲ့ရာ ဟန်းဆက်အားလုံး ရောင်းကုန်ခဲ့ကြောင်း သိရသည်။

Motorola မှထုတ်လုပ်ပေးခဲ့သော Nexus 6 စမတ်ဖုန်း၏ hardware အသေးစိတ် အချက်အလက်နှင့် feature များသည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ Nexus 6 စမတ်ဖုန်းသည် ယခင်ထွက်ရှိထားခဲ့သော ဟန်းဆက်များကဲ့သို့ မဟုတ်ဘဲ ဈေးနှုန်းမြင့်မားသလို စွမ်းဆောင်ရည်မြင့်သည့် ဖုန်းတစ်လုံးဖြစ်သည်။ HTC Nexus 9 tablet သည်လည်း Nexus 6 ကဲ့သို့ ဝယ်ယူမှု မြင့်မားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း tablet သည်ဝယ်လိုအား မြင့်မားမှုများကို ထိန်းသိမ်းရန်အတွက် HTC မှထုတ်လုပ်မှုများ တိုးချဲ့နေပြီဖြစ်ကြောင်း သိရသည်။

Motorola သည် Nexus 6 စမတ်ဖုန်းများကို ၎င်း၏ ဝက်က်ဆိုက်ပေါ်တွင် မည်သည့်အချိန်တွင် ရောင်းချမည်ကို မသိရှိရသေးပေ။ သို့သော်လည်း Google မှ Nexus 6 ထုတ်ကုန်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖြည့်တင်း ပေးသွားမည်ဟု ကတိပြုပြောကြား ခဲ့သည်။

-စိုးထက်
Ref: Ubergizmo