e-Government Delivery Unit ဖွဲ့စည်း တည်ထောင်နိုင်ရေး အကြံပေးခေါ်ယူ

Update-News_5.jpg

e-Government Delivery Unit ဖွဲ့စည်းတည်ထောင်နိုင်ရေး အကြံပေး ခေါ်ယူလိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အကြံပေး ဝန်ဆောင်မှုတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက်များ အထောက်အပံ့ပေးနိုင်ရန် အချက်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် e-Government Delivery Unit ကို ဖွဲ့စည်းတည်ထောင်နိုင်ရေး အကြံပေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ၁.၆. ၂၀၁၅. ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

e-Government ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် မြန်မာ့အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး Master Plans, အများပြည်သူဆီသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင် မှု ပေးနိုင်ရေး အစ ရှိသည့်အချက်များ ပါဝင်ကြောင်း တွေ့ရသည်။ အဆိုပါအစီအစဉ်မှာ သုံးနှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် တည်နေရာမှာ နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတွင်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အကြံပေး ဆောင်ရွက်သူ အနေဖြင့် အခြားသော မြန်မာနိုင်ငံရှိဒေသများတွင် သွားရောက်ရန်လိုအပ်ပါက သွားရောက်ရမည် ဖြစ်ကြောင်း သိရသည်။

အကြံပေးအဖြစ် ဆောင်ရွက်လိုသည့် အဖွဲ့အစည်းအနေဖြင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ သရုပ်ပြသရ မည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို အသေးစိတ် သတ်မှတ်ပေး ထားကြောင်း သိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝက်ဘ်ဆိုက် www.mcit.gov.mm တွင် အသေးစိတ်ကြည့်ရှုနိုင်ရန် ဖော်ပြထားကြောင်း သိရသည်။