Google Calendar ဗားရှင်းသစ်တွင် event နှင့် appointment များကို အလိုအလျောက် ဖန်တီးနိုင်

141104112624-google-calendar-620xa.jpg

Google သည် ၎င်း၏ နာမည်ကျော် Calendar app ဗားရှင်းသစ်ကို Android Lollipop OS သုံးစွဲသူများအတွက် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Calendar app အတွင်းရှိ feature သစ်သည် အီးမေးလ်များကို စစ်ပေးနိုင်ပြီး ဝင်ရောက်လာသည့် message သစ်များပေါ်မူတည်၍ event သစ်များကို အလိုအလျောက် ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဖျော်ဖြေပွဲ လက်မှတ်များ သို့မဟုတ် လေယာဉ်လက်မှတ်များ ဝယ်ယူနိုင်ရန် သုံးစွဲသူ၏ ပြက္ခဒိန်ပေါ်တွင် ဖော်ပြပေးမည်ဖြစ်သည်။ အကယ်၍ အီးမေးလ်များ ထပ်မံရောက်ရှိလာသည့်အခါ သုံးစွဲသူ၏ ပြက္ခဒိန်ပေါ်တွင် update ပြုလုပ်ပေးမည် ဖြစ်သည်။ Calendar app သစ်သည် ပြီးဆုံးသွားသော event များအပေါ် အခြေခံ၍ အကြံပေးချက်များ ပြုလုပ်သွားမည့်အပြင် event ကျင်းပမည့်နေရာ၏ ဓာတ်ပုံများကိုပါ ဖ်ာပြပေးမည်ဖြစ်သည်။

အဆိုပါ Calendar app ကို Android 4.1 နှင့်အထက် အသုံးပြုထားသော ထုတ်ကုန်များ အားလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

-စိုးထက်
(Ref: CNNMoney)