Windows 10 ထုတ်ကုန် တစ်ဘီလီယံ ရောင်းချနိုင်ရန် Microsoft ရည်မှန်းထား

10985885_10152880054967825_8098022614282116672_n.jpg

Microsoft သည် Windows 10 ကို ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး သုံးနှစ်အတွင်း Windows ထုတ်ကုန်အရေအတွက် တစ်ဘီလီယံ ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း ကုမ္ပဏီ၏ operating system ဒုဥက္ကဋ္ဌ တယ်ရီမိုင်ယာဆန်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော Build developer ကွန်ဖရင့်စ်တွင် ပြောကြားခဲ့သည်။

Windows 10 သည် Microsoft ၏ ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး အဆိုပါ operating system ကို ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ၎င်းသည် အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် မိုဘိုင်းအတွေ့အကြုံအတွက် လမ်းဖွင့်ပေးခြင်း ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် နာဒယ်လာက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြောကြားသွားခဲ့သည်။

Windows 10 သည် ထုတ်ကုန်အားလုံးပေါ်တွင် app အားလုံး အသုံးပြုနိုင်စေမည့် တစ်ခုတည်းသော platform ဖြစ်လာလိမ့်မည်ဟု Microsoft က developer များနှင့် သုံးစွဲသူများထံ ကတိပြုထားသည်။ Developer များသည် code base တစ်ခု ရေးသားခြင်းဖြင့် Windows 10 အသုံးပြုထားသော မည်သည့် ထုတ်ကုန်ပေါ်တွင်မဆို သုံးနိုင်သော universal app များကို ဖန်တီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref: CNET