Home Depot ကုမ္ပဏီ အချက်အလက် ပေါက်ကြားမှုအတွင်း အီးမေးလ် ၅၃ သန်း ခိုးယူခံခဲ့ရ

homedepot.jpg

ယခုနှစ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ ရောင်းချသည့်  Home  Depot ကုမ္ပဏီ၏ အချက်အလက်များ ပေါက်ကြားမှုတွင် အကြွေးဝယ်ကတ် နံပါတ်များနှင့် အီးမေးလ် ၅၃ သန်းခိုးယူ ခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

အာဏာပိုင် အဖွဲ့အစည်းနှင့် HomeDepot ကုမ္ပဏီမှ ပူးတွဲစုံစမ်းခဲ့သည့် အချက်အလက် ပေါက်ကြားမှုတွင် password နှင့်ကတ် အချက်အလက်ဆိုင်ရာ ငွေပေးချေမှု သို့မဟုတ် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များအပြင် ဈေးဝယ်သူများ၏ အီးမေးလ်လိပ်စာများ ပါဝင်သော ဖိုင်များခိုးယူခံခဲ့ကြောင်း လုံခြုံရေး ဆန်းစစ်သူများ တွေ့ရှိခဲ့သည်။ အဆိုပါ စုံစမ်းစစ် ဆေးရေးဆိုင်ရာ အစီရင်ခံစာတွင် အချက်အလက်များ ခိုးယူခံခဲ့ရပုံ အသေးစိတ်ကို ဖော်ပြထားခဲ့သည်။ Home Depot ကုမ္ပဏီ၏ အချက်အလက် ပေါက်ကြားမှုသည် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့်  တိုက်ခိုက်မှုနှင့် ဆင်တူသည်။ တိုက်ခိုက်သူများသည် Home Depot ၏ကွန်ရက်သို့ ဝင်ရောက်နိုင်ရန် ကုမ္ပဏီ third-party ပစ္စည်းထောက်ပံ့သူ၏ log-in credential များကို ခိုးယူ အသုံးပြုခဲ့ကာ အန္တရာယ်ရှိသည့် software ကို အလိုအလျောက် ငွေရှင်းသည့် စက်များတွင် install ပြုလုပ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါအန္တရာယ်ရှိသည့် software သည် Home Depot ကုမ္ပဏီ၏ ကွန်ရက်တွင် ၂၀၁၄ ခုနှစ် ဧပြီလနှင့် စက်တင်ဘာလကြား ကာလအတွင်းရှိခဲ့ပြီး ယခုမှသာ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

အချက်အလက် ပေါက်ကြားမှု ကာလအတွင်း Home Depot ကုမ္ပဏီက ၎င်း software သည် အကြွေးဝယ်ကတ် စနစ်များသို့ ပိုမို၍ encrypt ပြုလုပ်နေလျက် ရှိကြောင်း ပြောကြားခဲ့သည်။ Home Depot အနေဖြင့် အချက်အလက် ပေါက်ကြားမှုကို အမေရိကန်နှင့် ကနေဒါရှိ သုံးစွဲသူများ၏ အီးမေးလ်လိပ်စာများကို ထိခိုက်သည့် အခါမှသာ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

-စိုးထက်
Ref : CNET