Forking (software fork)

Forking ဆိုသည်မှာ open source program တစ်ခုမှ source code ရယူပြီး program အသစ်တစ်ခုလုံးကို တိုးတက်ပြောင်းလဲအောင် ပြုလုပ်ခြင်း ဖြစ်သည်။

Forking သည် တစ်ခါတစ်ရံတွင် open source စီမံကိန်းတစ်ခု၏ တိုးတက်မှုမရှိသော အခြေအနေတစ်ခုကြောင့် လုပ်ဆောင်ချက်အားလုံး ရပ်ဆိုင်းတာမျိုး ဖြစ်စေနိုင်သည်။ ၎င်းသည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်သည့် အဖွဲ့ဝင်များက ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အခါ သို့မဟုတ် နောက်ထပ် ခြေလှမ်းသစ်များအတွက် အများဆန္ဒအရ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အခါ ဖြစ်ပေါ်လေ့ရှိသည်။

Software fork များသည် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို မလိုအပ်ဘဲ နှစ်ဆပြုလုပ်သည့်အခါ အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်။ သို့သော်လည်း fork သည် open source software ၏ အကောင်းဆုံး စွမ်းရည်အတွက် အရေးပါကြောင်း developer အများစုကလက်ခံထားကြသည်။ အောင်မြင်သည့် fork တစ်ယောက်သည် တိုးတက် ဖွံ့ဖြိုးရန် လုပ်ဆောင်သည့် အချိန်များကို သက်သာစေနိုင်ပြီး code အဟောင်းနှင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်များ ဖန်တီးခြင်းအတွက် လှုံ့ဆော်မှုများ ဖြစ်ပေါ်စေသည်။

Fork တစ်ယောက် ဖြစ်ရန်အတွက် software ဗားရှင်းသစ်တွင် ကိုယ်ပိုင်အမည်နှင့် ကိုယ်ပိုင် developer အသိုက်အဝန်းရှိရန် လိုအပ်သည်။ Program သစ်အနေဖြင့် မူလ program ဖြင့် တွဲဖက်အသုံးပြုနိုင်ပါက ၎င်းကို shallow fork ဟု ခေါ်ဆိုနိုင်သည်။