Google Chrome ကိုအသုံးပြု၍ မလိုအပ်သည့် အီးမေလ်းများကို Block ပြုလုပ်ခြင်း

cover.jpg

Gmail သုံးစွဲသူများ အနေဖြင့် မိမိ Inbox ထဲသို့ဝင်လာသည့် ကြော်ငြာ ဖြန့်ဝေသည့် အီးမေလ်းများ၊ ထို့ပြင်အခြားသော မလိုလားအပ်သည့် အီးမေလ်းများကို Block ပြုလုပ်ချင်တယ်ဆိုရင် Google Chrome ကိုအသုံးပြုပြီး Block ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Chrome ရဲ့ Extension ကို အသုံးပြုပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Google Chrome မှာအီးမေလ်းကို Block ပြုလုပ်ဖို့အတွက် Block Sender ဆိုတဲ့ Extension ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Block Sender Extension ဟာ မိမိအီးမေလ်း Inbox တွင်းသို့ Spam Mail များဝင်ရောက်မှု မရှိနိုင်စေရန် နှင့် မိမိထံ မပေးပို့လိုသူရဲ့ အီးမေလ်းလိပ်စာများ ထည့်သွင်း၍ ကို Block ပြုလုပ် ထားနိုင်မှာလည်း ဖြစ်ပါတယ်။

Block Sender ကိုထည့်သွင်း အသုံးပြုမယ်ဆိုရင် (https://chrome.google.com/webstore/detail/block-sender/bklnjbfcmglhiaoppcckdodanccbelcg/related?hl=en-US) (Block Sender)ရှိတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို Chrome Browser ကနေ အရင်ဖွင့်လိုက်ပါ။ ပြီးသွားပြီဆိုရင် Add to Chrome ဆိုတဲ့ Button ကို နှိပ်ရမှာဖြစ်ပါတယ်။ Add to Chrome Button ကိုနှိပ်ပြီးဆိုရင် Block Sender ကို Download ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ Extension ကို Download ပြုလုပ်ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့ Gmail Inbox ကိုဖွင့်လိုက်ပါ။

Gmail Inbox ကိုဖွင့်လိုက်ပြီးရင် မိမိထံဝင်နေတဲ့ Spam Mail သို့မဟုတ် မိမိထံမပို့စေချင်သူ၏ အီးမေလ်းကို ဖွင့်ရမှာဖြစ်ပါတယ်။ Mail ကိုဖွင့်လိုက်ပြီးရင် Block ဆိုတဲ့ Button ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Block Button ရဲ့ဘေးမှ Down Arrow လေးကိုနှိပ်ပြီး All email from this sender ဆိုတာကို နှိပ်လိုက်ရင် အဆိုပါ အီးမေလ်းများကို နောက်ထပ် မဝင်စေရန်အတွက် Block ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ Block Sender ရဲ့ Settings ကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ Chrome Browser ရဲ့ Settings ကိုသွားပြီး Extensions ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Extensions အောက်မှာမှ Block Sender ကိုရွေးပြီး Options ကိုကလစ်နှိပ်ကာ Block Sender ၏ Settings များကို ပြင်ဆင်၍ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။