The Morphling

23293-morphling-dota-2-1920x1080-game-wallpaper-.jpg

Premium အဆင့် ကစားပွဲတွေမှာ ခပ်စိပ်စိပ် မြင်လာရတဲ့ Mid Carry Hero, The Morphling ဟာ ကစားပွဲအစ၊ အလယ်၊ အဆုံး Ganker တစ်ကောင်လည်း ဖြစ်ပါတယ်။ Item Build အမျိုးမျိုးပြောင်းလဲ စဉ်းစားနိုင်တဲ့ Morphling ဟာ Frozen Throne Dota ကတည်းက လူကြိုက်များတဲ့ Hero တစ်ကောင်ဖြစ်ခဲ့ပေမယ့် Dota 2 မှာတော့ Phantom Assassin, Riki, Sniper တို့လောက် လူယူ မများဘဲ ပေါ်ပြူလာအဖြစ်ဆုံး နံပါတ် ၆၉ မှာသာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ Morphling ဟာ သေသေသပ်သပ် ကိုင်တွယ်နိုင်တဲ့ ကစားသမားတွေအတွက်တော့ Carry, Nuker, Initiator, Tanker စတဲ့ ပုံစံပေါင်းများစွာ ပြောင်းလဲကစားနိုင်တဲ့ Agility Carry Hero တစ်ကောင် ဖြစ်ပါတယ်။

Background Story

ကြယ်တံခွန်စက်ဝန်းတို့ရဲ့ အမှောင်ခေတ်ကာလတုန်းက ဝေးကွာသော နေမင်းရဲ့ဆွဲအားကို မလွန်ဆန်နိုင်ဘဲ ဂြိုဟ်ကမ္ဘာများအကြားမှာ လွင့်မျောနေတဲ့ ဧရာမရေခဲလုံးကြီးတစ်လုံးဟာ အမှောင်ခေတ် တစ်လျှောက်ကို ဖြတ်သန်းရင်း ထူးဆန်းစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သော Vloy စစ်ပွဲရဲ့ ညနေခင်းတစ်ခုမှာတော့ စစ်သည်တော်တွေ ကြိုတင်ရရှိထားခဲ့တဲ့ နိမိတ်ပုံ အတိုင်း ရေခဲလုံးကြီးဟာ ကောင်းကင်ထက်မှာ လင်းလက်ရင်း အရှိန်အဟုန်ဖြင့် မြေပေါ်သို့ ကျဆင်းလာခဲ့ပါတယ်။ အေးခဲနေသော အလုံးကြီးဟာ စစ်မက်ဖြစ်ပွားနေတဲ့ တပ် ၂ တပ်ရဲ့ အလယ်က ရေတိမ်သော မြစ်ငယ်ကလေးထဲကို ကျရောက်ခဲ့ပြီး အပူရှိန်ကြောင့် အရည်ပျော်နေခဲ့ပါတယ်။ ရေခဲမှတ်ကို ကျော်လွန်သွားတဲ့အခါမှာ Morphling ဟာ ပင်လယ်သမုဒ္ဒရာရဲ့ တည်ငြိမ်လေးနက်မှု တို့နဲ့အတူ ပဋိပက္ခများအကြားမှာ မွေးဖွားလာခဲ့ပါတော့တယ်။ သူတည်ရှိရာ ရေပြင်ပေါ်ကို ခြေဖြင့် နင်းရဲသော စစ်ဗိုလ်ချုပ်တစ်ယောက်ကြောင့် တိုက်ပွဲထဲကို ကမူးရှူးထိုး ဝင်ရောက်ခဲ့သော Morphling ဟာ အဆိုပါ စစ်ဗိုလ်ရဲ့ အသွင်သဏ္ဌာန်ကို ပုံတူကူးယူ ပြောင်းလဲပြီး သူ့အား သတ်ဖြတ်ခဲ့ပါတယ်။ သူဟာ အမျိုးအစားမတူသော စစ်သည်တော် တွေနဲ့ တိုက်ခိုက်ရခြင်းဖြစ်သည့်အလျောက် တိုက်ပွဲအတွင်းမှာ ရင်ဆိုင်ရသမျှ စစ်သားများရဲ့ ပုံသဏ္ဌာန်တွေကို တစ်ခုပြီးတစ်ခုပြောင်းလဲကာ တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ Morphling ဟာ နောက်ဆုံး တပ်သား တစ်ယောက်ကို အဆုံးသတ် တိုက်ခိုက်ပြီးချိန်ထိ ခြေလျင်တပ်သား များ၊ မြှားစစ်သည်တော်များနဲ့ မြင်းစီးသူရဲကောင်းများရဲ့ အသွင်နဲ့ အစွမ်းသတ္တိတွေ အားလုံးကို ဆွဲစုပ်ကူးယူတိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။ ကြမ်းတမ်းရက်စက်သော စစ်ပွဲကြီး ပြီးဆုံးသွားချိန်ဟာ Morphling ရဲ့ အစပြုချိန်ပါပဲ။

Blink Ability တစ်ခုမဟုတ် ပေမယ့် 11 Seconds Cooldown နဲ့ 325 Magical Damage ကို အသုံးပြုမယ့် အကွာအဝေး 1000 Distance တစ်လျှောက်လုံး သက်ရောက်စေမယ့် Waveform ဟာ
ကစားပွဲ အစောပိုင်း Morphling ကို Initiator တစ်ကောင်အဖြစ် သတ်မှတ်စေမယ့် Ability ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Waveform အသုံးပြုထားချိန်မှာ Morphling အနေနဲ့ Physical Attack, Ability နဲ့ Item တွေကို လွတ်လပ်စွာ အသုံးပြုနိုင်မယ့်အပြင် Invulnerable ဖြစ်နေမယ့်အချက် ဖြစ်ပါတယ်။

Morphling ရဲ့ လက်ရှိ Agility နဲ့ Strength ခြားနားချက်ကို တွက်ချက်ပြီး Damage နဲ့ Stun Duration ပမာဏ အပြောင်းအလဲ ဖြစ်စေမယ့် Adaptive Strike ကို အခြေအနေသုံးသပ်ပြီး မည်သို့ တိုက်ခိုက် ရမယ်ဆိုတာကို ရွေးချယ်စဉ်းစားနိုင်ပါတယ်။ အဆင့်များများယူလေ Damage နဲ့ Stun Duration အတွက် မြှောက်လဒ်များ တက်လာမှာဖြစ်ပြီး Agility ဟာ Damage ကို ကိုယ်စားပြု တွက်ချက်ပေးကာ Strength ကတော့ Stun Duration ကို တွက်ချက်ပါတယ်။ Agility ရဲ့ Maximum Multiply ဟာ 0.5/ 1/ 1.5/ 2 ဆိုတဲ့အတိုင်း တက်လာမှာဖြစ်ပြီး Strength ရဲ့ Maximum Multiply ကတော့ 1.25/ 2.25/ 3.25/ 4.25 seconds ရှိလာမှာဖြစ်ပြီး နှစ်မျိုးစလုံးအတွက် Minimum Multiply က 0.25 အတိုင်းရှိ နေမှာဖြစ်ပါတယ်။ ဥပမာ Agility ပမာဏဟာ Strength ပမာဏရဲ့ 50% ထက်ပိုများနေမယ်ဆိုရင် Agility အမြင့်ဆုံးမြှောက်လဒ်ကို ယူတွက်ပြီး Strength အနိမ့်ဆုံးမြှောက်လဒ်နဲ့ တွက်ချက်မှာ ဖြစ်ပါတယ်။ 150 Agility နဲ့ 100 Strength ဆိုရင် Agility ဟာ Strength ထက် 50% များနေမှာဖြစ်လို့ နောက်ဆုံးအဆင့် တွက်ချက်ပုံမှာ Damage အတွက် [80 Base Damage + (150*2)]=380 Magical Damage နဲ့ Stun အတွက် Minimum 0.25 second Stun သက်ရောက်မှာဖြစ်ပါတယ်။ အပြန်အလှန် သဘော
အရ 100 Agility နဲ့ 150 Strength ဖြစ်နေမယ့် အခြေအနေအတွက် [80 + (100*0.25)] = 105 Magical Damage နဲ့ Stun အတွက် 0.25 + 4.25 = 4.5 seconds Stun ကို သက်ရောက်စေမှာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်ချက်ခြင်းဖြစ်လို့ Strength 1 ဖြစ်နေမှ Agility 1 ဖြစ်နေမှာသာ Maximum Multiply ကို တွက်ချက်မှာ မဟုတ်ဘဲ ပမာဏ ၂ ခု ဟာ 50% ခန့် ခြားနားသွားရုံနဲ့ Max အခြေအနေနဲ့ တွက်ချက် သက်ရောက်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ 50% အထိ မခြားနားသေးရင်လည်း Str များရင် Stun, Agi များရင် Damage အတွက် အချိုးအစားအလိုက် တိုးလာမှာဖြစ်ပါတယ်။

Morphling ကစားသမား တွေရဲ့ 64% ဟာ ကစားပွဲအစမှာ Morph နဲ့ အစပြုလေ့ရှိပါတယ်။ တစ်ဆင့်ယူလိုက်ရုံနဲ့ +3 Stren-gth နဲ့  +3 Agility ကို ပေးမှာဖြစ်လို့ အစောပိုင်း သိသာတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက် Mid Hero က သင့်ကို တိုက်ခိုက်ဖို့ခက်ခဲတဲ့ Melee Hero ဖြစ်မယ်ဆိုရင် Agility Morph ကို တင်ပြီး Physical Damage တိုးစေကာ အစောပိုင်း Last Hit ကို အသာစီးယူနိုင်မှာ ဖြစ်ပါတယ်။ Agility မှ Strength (Strength Morph), Strength မှ Agility (Agility Morph) သို့ ၁ စက္ကန့်တိုင်းမှာ အပြောင်းအရွှေ့ လုပ်ပေးမှာဖြစ်ပြီး နောက်ဆုံးအဆင့်မှာ တော့ တစ်စက္ကန့်ကို 10 Agi/ 10 Str ဆိုတဲ့ပမာဏအထိ လျင်လျင်မြန်မြန် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ Str နဲ့ Agi ခြားနားခြင်းကို ကြည့်ပြီး တိုက်ခိုက်မယ့် Adaptive Strike အတွက် အဓိကကျတဲ့ Ability ဖြစ်လို့ Morph မယူထားဘဲ Adaptive Strike ကို စောစောမယူသင့်ပါဘူး။

Ally, Enemy Hero Unit တွေကိုသာ ပုံတူပွားနိုင်စွမ်းရှိတဲ့ Ultimate Replicate ကတော့ တစ်ဖက်အသင်းကို ဖြားယောင်းနိုင်မယ့် Escape Ability တစ်ခုဖြစ်ပါတယ်။ Replicate ပွားထားတဲ့ Unit ဟာ 50% Damage Deal ရှိပြီး 100% Damage Taken ရှိလို့ အပွားခံ Hero အတိုင်း မာနေစေမှာဖြစ်ပါတယ်။ အသုံးပြုခ 25 Mana ရှိပေမယ့် နေရာအစားထိုးဖို့ အသုံးပြုစရိတ်ဟာ 150 Mana တောင်ရှိလို့ မိမိရဲ့ Mana ကို တွက်ချက်ပြီးမှ Enemy Team ဘက်ကို ဝင်သင့်ပါတယ်။ အဆင့်များများ တင်ခဲ့မယ်ဆိုရင် Duration နဲ့ Cast Range တိုးလာမှာဖြစ်လို့ Boots of Travel မပြီးခင် အစောပိုင်းမှာ အလောတကြီး တင်စရာမလိုတဲ့ Ultimate Ability ဖြစ်ပါတယ်။

Adaptive Strike ဟာ Morphling ရဲ့ Attribute ပေါ်ကို များစွာ မှီခိုနေတဲ့အတွက် နောက်ဆုံးမှတင်သင့်တဲ့ Ability ဖြစ်ပါတယ်။ Replicate ဟာ Morphling ရဲ့ အသက်ဖြစ်လို့ Replicate သုံးပြီး အသက်ရှင်ဖို့ အထောက်အကူပြုမယ့် Linken Sphere ဟာ Core Item တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။ Morphling ဟာ Agility Grow များပြီးသားဖြစ်လို့ Boots ရွေးချယ်ရာမှာလည်း Enemy Team ကို အလွယ်တကူ RAT နိုင်မယ့် Boots of Travel ကို ရွေးချယ်သင့်ပါတယ်။ အခြား Carry တွေလိုမျိုး Damage Item တွေအစား Adaptive Strike နဲ့ Morph တို့ကို အထူးအကျိုးပြုစေမယ့် Attribute Item တွေဖြစ်တဲ့ Heart, Satanic, Butterfly, Skadi, Sange and Yasha, Manta Style တို့ကို Inventory ၆ ကွက်အတွက် အကောင်းဆုံးစဉ်းစား ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် Magical Damage ကို 40% တိုးထိစေမယ့်အပြင် လက်ရှိ Agility Attribute ပမာဏကို မူတည်ပြီး Damage တိုးမြှင့် တိုက်ခိုက်ပေးမယ့် Ethereal Blade ဟာ ကစားသမားအများစု ရွေးချယ်တဲ့ One Hit Kill Item တစ်ခု ဖြစ်ပါတယ်။ ဥပမာ Morphling ရဲ့ Agility 150 ရှိနေချိန်မှာ Ethereal Blade ကြောင့် (150+75) Ether Blast + [150*2 + 80 (Adaptive Strike)] + 325 (Waveform) + 282 (40% Extra)  = 1212 Damage အထိ သက်ရောက်နိုင်တာကြောင့် တစ်ဖက်အသင်းမှာ Hp Pool နည်းတဲ့ Support Hero တွေကို Second ပိုင်းအတွက် အပျောက်ဖျောက်နိုင်မှာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

yahooyeeha
www.myanmardota2.com
[www.esportbee.com]