Dell Inspiron 14 3000 (3458) series အသစ် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

Dell-1.jpg
Dell-2.jpg
Dell-3.jpg
Dell-4.jpg

Dell Inspiron 14 3000 (3458) series အသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ၂၄ ရက်တွင် ရန်ကုန်မြို့ Vintage Luxury Yacht Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Inspiron 3458 Laptop တွင် Intel မှ နောက်ဆုံးထုတ် နည်းပညာအမြင့်ဆုံး စွမ်းဆောင်ရည် အမြင့်မားဆုံး 5th Generation CPU များ ထည့်သွင်း အသုံးပြုထားပြီး အမြင့်မားဆုံးသော Core i7 CPU အထိ ရရှိနိုင်သည်ဟု သိရသည်။ ပါးလွှာပေါ့ပါးသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားနိုင်မည် ဖြစ်သည်။ အချက်အလက်များစွာကို သိုလှောင်သိမ်းဆည်းပေးနိုင်သော ပမာဏပါဝင်ပြီး Turbocharged NVIDIA GEFORCE 820M 2 GB DDR# graphics ကို ပေးစွမ်းနိုင်သလို ဘက်ထရီအနေဖြင့် ၆ နာရီ ကြာမြင့်စွာ အသုံးပြုနိုင်သည်။

အသေးစိတ်အချက်အလက်များ KMD Co., Ltd နှင့် Golden Power Co., Ltd တို့တွင် ဆက်သွယ်စုံစမ်းနိုင်သည်။