UTM

Unified threat management (UTM) ဆိုသည်မှာ တစ်ခုတည်းသော management console မှတစ်ဆင့် လုံခြုံရေးနှင့် ဆက်စပ်သည့် အလွန်ကွဲပြားခြားနားသော application များနှင့် အခြေခံအဆောက်အဦ အစိတ်အပိုင်းတို့ကို administrator တစ်ဦးက စောင့်ကြည့်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

UTM များသည် firewall, intrusion detection, antimalware, spam, content filtering နှင့် VPN လုပ်ဆောင်ချက်များကို package တစ်ခုအဖြစ် ပေါင်းစပ်ထားသောကြောင့် install နှင့် update ပြုလုပ်ရာတွင် လွယ်ကူစွာ ပြုလုပ်နိုင်သည်။ လုပ်ငန်းသုံး UTM များတွင် identity-based access control, load balancing, quality of service (QoS), intrusion prevention, SSL and SSH inspection နှင့် application awareness ကဲ့သို့သော အဆင့်မြှင့် feature များ ပါဝင်သည်။

UTM ထုတ်ကုန်တစ်ခု၏ အဓိက အကျိုးကျေးဇူးမှာ ခက်ခဲရှုပ်ထွေးမှုကို လျှော့ချပေးနိုင်ခြင်းသည်။ အဓိက ဆိုးကျိုးကမူUTM ထုတ်ကုန်တစ်ခုက အားနည်းချက်တစ်ခု ဖြစ်လာနိုင်ခြင်း ဖြစ်သည်။

UTM ထုတ်ကုန်များကို တစ်ခါတစ်ရံတွင် မျိုးဆက်သစ် firewall များအနေဖြင့် ညွှန်းဆိုကြသည်။