Ubuntu & Raspberry Pi Project Hack သင်တန်းဖွင့်မည်

Update-News_5.jpg

Ubuntu အသုံးပြုသူများနှင့် Raspberry Pi ကို စိတ်ပါဝင်စားသူများ အတွက် Ubuntu Myanmar LoCo Team မှ ကြီးမှူး၍ ၂၀၁၅ ခုနှစ်၊ မေလ ၃ရက်နေ့ တနင်္ဂနွေနေ့တွင် မန္တလေးမြို့ရှိ MCPA ရုံး တည်ရှိရာ Shwe Phyu Palaza တွင် နံနက် ၉နာရီခွဲမှ ညနေ ၅ နာရီထိ Ubuntu & Raspberry Pi Project Hack ခေါင်းစဉ်ဖြင့် တစ်ရက်တာ သင်တန်း ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် Ubuntu အခြေခံ နှင့် Respaberry Pi ပေါ်တွင် အသုံးပြုနိုင်သော Project များ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ရန်အတွက် Hack လုပ်ခြင်းများကို ရှင်းလင်း ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို တစ်ရက်တာသာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး၊ အခြေခံ မရှိသေးသည့် သူများလည်း တက်ရောက်သင့်သည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိ အသုံးပြုနေသူများ အနေဖြင့်လည်း မိမိ သိရှိလိုသည်များကို လာရောက်မေးမြန်းနိုင်ကြောင်း သိရသည်။

သင်တန်း တက်ရောက်သူများအတွက် အထောက်အကူပြု DVD များကို လက်ဆောင်ပေးအပ်သွားမည် ဖြစ်ပြီး၊ http://goo.gl/lsaVc9 ဆိုသည့် ဝက်ဘ်ဆိုက်လိပ်စာတွင် သွားရောက် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။