Gnome Disk Utility ကို Ubuntu OS တွင် Install ပြုလုပ်ခြင်း

backup-hard-drive-gnome-disk-utility-create-image.jpg

Ubuntu OS သုံးစွဲသူတွေ အနေနဲ့ မိမိအသုံးပြုတဲ့ ကွန်ပျူတာ အတွင်းက  Partition တွေကို  Backup ပြုလုပ်ထား ချင်လို့ပဲဖြစ်ဖြစ်၊ Partition တွေကို Disk Image တစ်ခုအနေနဲ့ သိမ်းဆည်းထား ချင်တာပဲဖြစ်ဖြစ် အသုံးပြုနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ Disk Utility တစ်ခုဖြစ်ပါတယ်။ Gnome Disk Utility ကနေ မိမိရဲ့ အခြားသော Data တွေကို Backup & Restore အလွယ်တကူ ပြုလုပ်နိုင်စေရန်အတွက် စီစဉ်ပေးထားပါတယ်။ Ubuntu OS မှာGnome Disk Utility ကို ထည့်သွင်း ဖို့အတွက် Ubuntu OS System ရဲ့  Package တွေကို ပထမဦးဆုံး Update တွေ  Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu  ရဲ့ Terminal ကို Ctrl + Alt + T  ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆို တဲ့ Command နဲ့ Package တွေကို  Update အရင်ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get  upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

နောက်တစ်ဆင့် ကတော့ Gnome Disk Utility ကို Install ပြု လုပ်ဖို့အတွက် Terminal မှာဖော် ပြပါ Command ကို ရိုက်ထည့် ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install gnome-disk-utility

ဆိုတဲ့ Command ပဲ ဖြစ်ပါတယ်။ Gnome Disk Utility ဟာ Parititon တွေကို Backup & Restore ပြုလုပ်ဖို့ အတွက်ပဲ သီးသန့် လုပ်ဆောင်နိုင်တာ မဟုတ်ဘဲ၊ အကယ်၍ Linux USB Live Disk ကို ပြုလုပ်ချင်တဲ့ အခါမှာလည်း ပြုလုပ် နိုင်ရန်အတွက် စီစဉ်ဖန်တီး ပေးထားပါတယ်။  ဒါ့အပြင် သုံးစွဲသူတွေ အလွယ်တကူနဲ့ အသုံးပြုနိုင် စေဖို့အတွက် ရိုးရှင်းတဲ့ သွင်ပြင်နဲ့ စီစဉ်ဖန်တီး ပေးထားတဲ့ Disk Utility တစ်ခု ဖြစ်ပါတယ်။

Backup ပြုလုပ်ချိန်နဲ့ Restore ပြုလုပ်ချိန်တွေကိုလည်း အချိန်တိုအတွင်းမှာ ပြီးစီးနိုင်စေရန်အတွက် စီမံပေးထားပြီး၊ အရွယ်အစား ကြီးမားတဲ့ Disk Image တွေကို ပြုလုပ်လိုတဲ့ အခါမှာ အလွယ်တကူနဲ့ လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ရန်အတွက် ဖန်တီးပြုလုပ် ပေးထားတာကို တွေ့မြင်နိုင်မှာလည်း ဖြစ်ပါတယ်။