Android 5.0 Lollipop ၏ဘက်ထရီ အားကုန်ခမ်း လွယ်သည့် အားနည်းချက်ကို Google ပြင်ဆင်

lollipop.jpg

Nexus 5 စမတ်ဖုန်းများတွင် Android 5.0 Lollipop update ပြုလုပ်ပြီး Wi-Fi အသုံးပြုသောအခါ ဘက်ထရီ အားကုန်ခမ်းလွယ်သည့် ပြဿနာကို Google မှပြင်ဆင်ခဲ့ကြောင်း သိရသည်။

Nexus 5 တွင် Android 5.0 update ကိုအသုံးပြု ထားသူများက ၎င်းတို့၏ ဖုန်းဘက်ထရီများသည် Wi-Fi အသုံးပြုသည့်အခါတွင် အားကုန်ခမ်းလွယ်ကြောင်း ဝေဖန်ခဲ့ကြသည်။ ထိုဝေဖန်ချက်ကို Android Developer Preview ဆိုက်က Micellaneous ဟုခေါ်သည့် ထုတ်ကုန်အတွင်းရှိ ဘက်ထရီ အခြေအနေ ပြသပေးသည့် မျက်နှာပြင်သည်  ဘက်ထရီ အားများစွာ အသုံးပြုနေကြောင်းကို တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က Google ၏ Android အကြီးတန်း ပရိုဂရမ် အင်ဂျင်နီယာ ထရီဗိုဂျွန်က Android အင်ဂျင်နီယာများသည် Android 5.0 တင်ထားသော Nexus 5 သုံးစွဲသူများ အနေဖြင့် WiFi ဖွင့်သည့်အခါတွင် Miscellaneous ဘက်ထရီ အသုံးပြုသည့်အခါ  အားကုန်ခမ်းလွယ်ခြင်းကို သတိပြုမိကြောင်း၊ ထိုဖြစ်စဉ်သည် ပုံမှန်မဟုတ်သည့် IRQ အကြောင်း အချက်အလက်များ မြင့်တက်လာ ခြင်းကြောင့်ဖြစ်ကြောင်း  Android  Developer Preview ဝက်ဘက်ဆိုက်တွင် ရေးသားခဲ့သည်။

ဆက်လက်ပြီး ဂျွန်က အဆိုပါ ပြဿနာကို နောက်ဆုံး update တွင် ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုပြဿနာသည် ပြေလည်သွားပြီ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

-Ref : CNET