Webster University of Thailand Campus တွင် အမေရိကန် MBA ကို တက်ရောက် သင်ကြားလျက် ရှိသော မောင်အောင်မြင့်ထွန်း၏ Student Life

6.jpg

အခုရွေးချယ်တက်ရောက်နေတဲ့ ကျောင်းအမည်နဲ့ ရွေးချယ်ရတဲ့ အကြောင်းအရင်းကိုပြောပြပေးပါ။

Webster University (Thailand Campus) မှာ General MBA ကို ၂၀၁၅ ဇန်န၀ါရီလမှာ စတက်ခဲ့ပါတယ်။ ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ Quality ကောင်းတဲ့ အမေရိကန်ပညာရေးကို ကိုယ့်အိမ်နီးချင်းနိုင်ငံမှာပဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သင်ယူနိုင်တာကြောင့်ပါ။

ကျောင်းတက်နေစဉ် ရရှိခဲ့တဲ့အတွေ့အကြုံနဲ့ အခက်အခဲလေးတွေကိုပြောပြပေးပါ။

ပထမတစ်ချက်က အင်္ဂလိပ်စာအခက်အခဲ၊ ဒုတိယတစ်ချက်က Homesick ပေါ့။ ကိုယ်က တစ်ခါမှ အိမ်နဲ့ ဝေးဝေးမနေဖူးဘူးလေ။ အစားအသောက်တွေကလည်း မတူဘူး။ ဒါပေမဲ့ ထိုင်းကတော့ Asian Country ဆိုတော့ Cultural Difference  မရှိသလောက်ပါပဲ။  ဒါကြောင့်လည်း ထိုင်းနိုင်ငံကို ရွေးခဲ့တာပါ။

ပညာသင်ထောက်ပံ့ကြေးကို ကိုယ်တိုင်လျှောက်ခဲ့တာလား။ ပညာသင်ထောက်ပံ့ကြေးအတွက် ဘာတွေလိုအပ်လဲ။

ပညာသင်ထောက်ပံ့ကြေးက Myanmar Search International (MSI) ကနေတစ်ဆင့် လျှောက်ခဲ့တာပါ။ essay တစ်ပုဒ်ကို ကောင်းကောင်းတင်ပြပြီး MSI ကလိုအပ်တာတွေအားလုံးကို ကူညီဆောင်ရွက်ပေးပါတယ်။ ငွေကြေးပမာဏကတော့ နှစ်စဉ်ပြောင်းလဲနေတဲ့အတွက် MSI ကိုပဲ စုံစမ်းကြည့်ပါ။

Webster မှာ MBA မတက်ခင် ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့လဲ။

Webster မှာ MBA မတက်ခင်က Association of Business Executives (ABE) UK ကပေးတဲ့ Business Management Diploma ကို MHR မှာ သုံးနှစ်လောက် အချိန်ယူ တက်လိုက်ရတယ်။ အဲဒီအတောအတွင်းမှာလည်း အင်္ဂလိပ်စာကို လေ့လာသင်ယူခဲ့တယ်။

Webster ရဲ့ MBA  Program မှာ ဘယ်လိုဘာသာရပ်တွေ သင်ယူနေရလဲ။ အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ပညာသင်ကြားရေး  system  တွေ ဘယ်လိုကွာခြားလဲ။ ဘယ်နိုင်ငံရဲ့သင်ကြားမှုစနစ်ကိုပိုကြိုက်လဲ။

Webster မှာသင်ယူနေရတဲ့ subject တွေက Applied Statistics, Corporate Social Responsibility, Marketing and Organizational Behavior ပါ။  Webster University မှာ သင်ကြားတဲ့ပုံစံကတော့ US system ဖြစ်တဲ့ Student Centered Education System ပါ။ US system ကတော့ term နဲ့ သွားတယ်။ သူက ပုံမှန်အားဖြင့် ၂ လကြာတယ်။ exam ကတော့ ၂ လတစ်ကြိမ် ရှိတယ်။ UK system ကကျတော့ Semester နဲ့ သွားတယ်။ ပြီးတော့ သူတို့ရဲ့ prescription အတိုင်း ဘာသာရပ်တွေ ယူခွင့်ရှိပါတယ်။ exam ကတော့ ၄ လ တစ်ကြိမ်ပါ။ Personal အရပြောရရင်တော့ US system က ပိုကောင်းတယ်လို့ ထင်တယ်။ Activities တွေ ပါပါတဲ့ အတွက် ကျောင်းသားတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘူး။

Webster တက္ကသိုလ်ရဲ့ MBA တန်းကို ဘယ်လိုပုံစံမျိုးနဲ့ သင်နေလဲ။

Webster University ရဲ့ Master တန်းမှာကျတော့ Day နဲ့ Evening Program ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော် အခုတက်နေတာက Day Program ပေါ့နော်။ မြန်မာနိုင်ငံကျောင်းသားတွေအနေ နဲ့ MBA တန်းကို တက်တဲ့အခါ ဘယ်အတန်းချိန်ကိုတက်ရင် ပိုအဆင်ပြေမယ် ဆိုတာကတော့ မိမိအပေါ်မှာပဲ မူတည် ပါတယ်။ သင်ကြားမှုစနစ်ကတော့ အတူတူပါပဲ။

အမေရိကန်ပညာရေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

အမေရိကန်ပညာရေးဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြု လက်ခံထားတဲ့ပညာရေးပါ။ သူ့ရဲ့ Education System က Student Based Learning System ဖြစ်တဲ့ အတွက်ကြောင့် ကျောင်းသားတွေ အတွက် ပိုပြီးတော့ အထောက်အကူပြုတယ်။ သင်ယူနေစဉ်အတွင်း class activities တွေဖြစ်တဲ့ group presentation, projects, survey, quiz တွေကြောင့် ကျောင်းသားတွေရဲ့ mental ပိုင်းဆိုင်ရာ အရည်အချင်း၊ စဉ်းစားတွေးခေါ်ပုံ၊ Critical Thinking Ability တွေ၊ Problem Solving Skills တွေကို ပိုပြီး ကောင်းမွန်လာစေတယ်။ Presentation တွေ၊ workshop တွေ လုပ်ရတဲ့ အတွက်ကြောင့် teamwork အရည်အချင်းတွေလည်း တိုးတက် လာတယ်။ ကျောင်းပြီး သွားရင်လည်း Webster တက္ကသိုလ်က အမေရိကန်က တက္ကသိုလ်ဖြစ်တဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း recognition အပြည့်အဝ ရှိတယ်လို့ ယုံကြည်တဲ့ အတွက် Webster ကို ရွေးချယ်ခဲ့တာ။