Ooredoo ကွန်ရက်က လူဦးရေ၏ ၄၁ ရာခိုင်နှုန်းကိုလွှမ်းခြုံ

Ooredoo-logo.jpg

Ooredoo Myanmar သည် မြန်မာနိုင်ငံ၏လူဦးရေ ၄၁ ရာခိုင်နှုန်းကို ကွန်ရက် လွှမ်းခြုံပေးနိုင်ခဲ့သည်ဟု ယနေ့သတင်းထုတ်ပြန်လိုက်သည်။ လက်ရှိအချိန်၌ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ရက် ဖြန့်ကျက်မှုသည် ၂၀၁၅ ခုနှစ်၊ ဧပြီလစာရင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကွန်ရက် ရရှိသောမြို့နယ်များမှာ တူညီမှုမရှိသေးကြောင်းသိရသည်။ “ဒီနှစ်ကုန်မှာ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို ကွန်ရက်ဖြန့်ကျက်ဖို့ ရည်ရွယ်ထားတဲ့ အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ သတ်မှတ်ချိန်အတိုင်း မြန်မြန်ဆန်ဆန် ကွန်ရက်ဖြန့်ကျက်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု Ooredoo Myanmar မှပြောရေးဆိုခွင့်ရှိသူ ကပြောသည်။ 

လက်ရှိအချိန်၌ဈေး ကွက်လက်ဦးမှုရရှိထားပြီးဖြစ် သည့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် အကျယ်ပြန့်ဆုံးသော ကွန်ရက်ကို တည်ဆောက်ပိုင်ဆိုင်ထားပြီး အသစ် ဝင်ရောက်လာသည့် ဆက်သွယ်ရေးအော်ပရေတာများက ၅ နှစ်တာစီမံကိန်း အနေဖြင့် ဒေသတွင်းနေရာအနှံ့သို့ ကွန်ရက်ရောက်ရှိရန် ကြိုးစားဆောင် ရွက်နေခြင်းဖြစ် သည်။