e Government Master Plan ကို ဧပြီလကုန်၌ ထုတ်ပြန်ဖွယ်ရှိ

Update-News_5.jpg

e Government Master Plan ကို မှုကြမ်းရေးဆွဲပြီးစီးခဲ့ပြီ ဖြစ်သည့်အတွက် အဆိုပါ Plan ကို ဧပြီလအကုန်အပြီး၌ ထုတ်ပြန်ကြေညာပေးသွားရန်ရှိသည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

လက်ရှိအချိန်၌ အဆိုပါ Master Plan ကို အကြံပေး၍ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ရန် အချိန်ပေးထားကြောင်း သိရသည်။ e Government Master Plan ကို ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက Asian Development Bank အကူအညီဖြင့် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

အဆိုပါ Master Plan ကို ထုတ်ပြန်၍ အစီအစဉ်အတိုင်း လိုက်လံဆောင်ရွက်ပါက အစိုးရ လိုလားချက်ဖြစ်သော Good Governance နှင့် Clean Government အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“ဥပမာ လိုင်စင်လျှောက်တာတွေကို အခုဆိုရင် နေပြည်တော်အထိ လာနေရတယ်။ နောက်ဆိုရင် နေ ပြည်တော်ကို လာစရာမလိုဘဲ လုပ်လို့ရနိုင်တဲ့ အခြေအနေ ဖြစ်လာ လိမ့်မယ်” ဟု ဦးသန်းထွန်းအောင်က ဆိုသည်။

Master plan ၌ ဝန်ထမ်းများအတွက် လိုအပ်သော Human Resource ပိုင်းကိုလည်း ထည့်သွင်းရေးဆွဲထားပြီး ဌာနဆိုင်ရာများက လိုက်လံဆောင်ရွက်ရမည်ဟု သိရသည်။

“စာရွက်စာတမ်းတွေကိုပဲ သုံးစွဲနေတာကိုလည်း ပြင်ဖို့လိုလိမ့်မယ်။ အွန်လိုင်း၊ အီးမေးလ်၊ အင် တာနက် စနစ်တွေကိုလည်း ဝန်ထမ်းတွေက စနစ်တကျအသုံးပြုတတ်ဖို့ လိုပါလိမ့်မယ်။ ဒါတွေက Master Plan ထဲမှာ ပါပြီးသားတွေပါ” ဟု ဦးသန်းထွန်းအောင်က ပြောသည်။

e Government လုပ်ငန်းစဉ်သည် ယခင်အစိုးရလက်ထက် ကတည်းက အကောင်အထည် ဖော်ဆောင်ရန် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းစဉ်ဖြစ်သော်လည်း ယနေ့အချိန်အထိ အောင်မြင်သည့်အနေအထားသို့ ရောက်ရှိမလာခဲ့ကြောင်း၊ အစိုးရလိုလားသည့် Good Governance နှင့် Clean Government ကို အကောင် အထည် ဖော်ဆောင်ရန်အတွက် e Government Master Plan သည် မဖြစ်မနေလိုအပ်မည် ဖြစ်ကြောင်း သိရသည်။