BYOI (bring your own identity)

BYOI (bring your own identity) ဆိုသည်မှာ end user တစ်ယောက်၏ username နှင့် password ကို ထိန်းချုပ်သည့် third party ၏ digital authentication နည်းစနစ်တစ်ခု ဖြစ်သည်။

BYOI ကို website စစ်မှန်ကြောင်း သက်သေပြခြင်း (website authentication) အတွက် ပိုမိုအသုံးပြုကြသည်။ Website ကို လည်ပတ်ကြည့်ရှုသူ အနေဖြင့် မှတ်ပုံတင်သည့် လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း username နှင့် password သစ် ဖန်တီးကာ log in ဝင်ရောက်ခြင်း အစား လည်ပတ်ကြည့်ရှုသူ (visitor) များ၏ Facebook, Twitter, LinkedIn, Google+, Amazon စသည့် social identity များကို အသုံးပြုပြီး log in ဝင်ရောက်ခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းနည်းစနစ်သည် site visitor များအတွက် sign-in ပြုလုပ်ပေးနိုင်သော်လည်း အချို့ site visitor များက privacy နှင့်ပတ်သက်၍ စိုးရိမ်မှု ရှိသောကြောင့် website အများစုက BYOI ကို option တစ်ခုအနေဖြင့် ထည့်သွင်းပေးထားကြသည်။

Cloud အခြေခံ ဝန်ဆောင်မှုကို လက်ခံမှုနှုန်း တိုးတက်လာသည်နှင့်အမျှ identity access management (IAM) system ၏အရေးပါမှုကလည်း တစ်ဖြည်းဖြည်း လျော့နည်းလာသည်။ BYOI ကို ထောက်ခံအားပေးမှု များပြားလာသည့်အတွက် identity ထောက်ပံ့ဖန်တီးမှု မလိုအပ်တော့သလို third party က security နှင့် privacy ကို တာဝန်ယူ ဆောင်ရွက်ပေးသောကြောင့် IAM နှင့် သက်ဆိုင်သည့် တာဝန်ယူမှုများ လျော့နည်းစေသည်။ သို့သော်လည်း BYOI သည် identity ထိန်းချုပ်ခံရမှုနှင့် identity ခိုးယူမှုများ အပါအဝင် အန္တရာယ်များစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။