Samsung Galaxy A Series စမတ်ဖုန်းများ ၂၀၁၅ နှစ်ဆန်းပိုင်းခန့်တွင် ဈေးကွက် ဝင်ရောက်ဖွယ်ရှိ

Galaxy-A5.jpg

Samsung Galaxy A Series စမတ်ဖုန်းများ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီတွင် ပြည်တွင်းဈေးကွက် သို့ဝင်ရောက်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ပြည်တွင်းသို့ A3 ၊ A5 မော်ဒယ်နှစ်မျိုး ၀င်ရောက်မည် ဖြစ်ကြောင်းကို “အေစီးရီး ဖုန်းတွေက နောက်နှစ် ဇန်န၀ါရီလောက်မှာ ပြည်တွင်းကိုဝင်ဖို့ များတယ်။ ဒီဖုန်းတွေမှာ ဘက်ထရီပိုင်း ပိုကောင်းလာဖို့ရှိတယ်။ အရည်အသွေးမြင့် စမတ်ဖုန်းကို တန်ဖိုးသင့်တင့်စွာနဲ့ ၀ယ်ယူနိုင်အောင် ရောင်းချပေးသွားမှာပါ” ဟု ဆမ်ဆောင်း မြန်မာမှ မားကတ်တင်း မန်နေဂျာ ကိုကျော်စွာလင်းက ပြောသည်။

Samsung အနေဖြင့် အဆိုပါ တန်ဖိုးနည်း Galaxy A Series  စမတ်ဖုန်းများကို A3 ၊ A5 ၊ A7 ဟူ၍ မော်ဒယ်သုံးမျိုး ထုတ်လုပ်ဖွယ်ရှိပြီး ဖုန်းတွင်ပါဝင်မည့် Hardware အကြောင်းအရာ Specification များနှင့် ရောင်းချသွားမည့် ဈေးနှုန်းကိုမူ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ Galaxy A Series  စမတ်ဖုန်း A3 နှင့် A5 မော်ဒယ်နှစ်မျိုးကို ယခုနှစ် နိုဝင်ဘာလပိုင်းတွင် ဦးစွာမိတ်ဆက် သွားဖွယ်ရှိကြောင်း အွန်လိုင်းဖုန်း နည်းပညာဝက်ဘ်ဆိုက် တစ်ခုဖြစ်သော gsmarena ၏ နိုဝင်ဘာလ ၆ ရက် သတင်းဖော်ပြ ချက်အရသိရသည်။

Samsung အီလက်ထရွန်းနစ် အနေဖြင့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင် တတိယဈေးကွက် ရှယ်ယာအများဆုံး ဖြစ်လာသော Xiaomi နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် အရည်အသွေးမြင့် တန်ဖိုးနည်း Samsung Galaxy A Series ဖုန်းများကို  ကန်ဒေါ်လာ ၃၀၀ နှင့် ၅၀၀ ကြားတန်ဖိုးဖြင့် ထုတ်လုပ်ရောင်း ချသွားဖွယ်ရှိပြီး နိုဝင်ဘာလဆန်းပိုင်းတွင် တရုတ်ဈေးကွက်၌ ဦးစွာမိတ်ဆက် ရောင်းချသွားဖွယ်ရှိကြောင်း ကိုးရီးယားအိုင်တီတိုင်းမ် သတင်းအရ သိရသည်။

-ရဲထွဋ်ဝင်း