Android ဖုန်းများအတွက် Hello dialer app ကို Facebook မိတ်ဆက်

10423294_10152865242267825_8758582717787866449_n.jpg

Facebook သည် သုံးစွဲသူများက လက်မခံလိုသည့် ဖုန်းခေါ်ဆိုမှုများကို ပိတ်ပင်ခြင်းအပြင် လူမှုရေးမီဒီယာမှ လူများနှင့် နေရာများကို ရှာဖွေပေးနိုင်သည့် ID-type Android app သစ်ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ Hello app သည်သုံးစွဲသူ၏ ဖုန်းခေါ်ဆိုမှုများကို အသုံးမပြုဘဲ Facebook မှပြုလုပ်ပေးသည့် ဆက်သွယ်ရေးနည်းလမ်းကိုသာ အသုံးပြုထားသည်။ Hello app ကိုစမ်းသပ်နေလျက်ရှိကြောင်း Facebook ကပြောကြား ခဲ့ပြီး ယခုအခါ Google Play store တွင်အခမဲ့ download ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Hello သည် Google ၏ Android operation system ဖုန်းများ၏ dialer အဖြစ် အစားထိုး အသုံးပြုနိုင်စေမည် ဖြစ်သည်။ Facebook ၏ Messenger ကိုဖန်တီးသည့် အဖွဲ့မှ ပြုလုပ်ထားသည့် Hello တွင် သုံးစွဲသူများက ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိ သည့်အခါ contact တွင် မပါဝင်သည့် ခေါ်ဆိုသူများ၏ အချက်အလက်များ ကိုလည်း ဖော်ပြပေးမည် ဖြစ်သည်။

သို့သော်လည်း Facebook ရှိသုံးစွဲသူများ၏ ဝေမျှထားသော အချက်အလက်ကိုသာ Hello app က ဖော်ပြပေးသွားမည် ဖြစ်သည်။ ထို့အပြင် Hello သည် ဖုန်းနံပါတ်များကို ပိတ်ပင်နိုင်ပြီး ၎င်းဖုန်းနံပါတ်မှ ဖုန်းခေါ်ဆိုသည့်အခါ voice mail သို့ တိုက်ရိုက် ပို့ပေးမည် ဖြစ်သည်။ ထို့အပြင် Facebook ပေါ်ရှိ လူများနှင့် စီးပွားရေး လုပ်ငန်းများကိုလည်း ရှာဖွေနိုင်ကာ tap တစ်ချက်နှိပ်ရုံဖြင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ Hello app ကိုအသုံးပြု၍ Wi-Fi ဖြင့် ဖုန်းခေါ်ဆိုမှုများကိုလည်း အခမဲ့ ပြုလုပ်နိုင်ကြောင်း သိရသည်။

Ref: CNET