Dark Souls II

Dark-Souls-2-Scholar-of-the-First-Sin-improvements-05-.jpg

အသစ်ထွက်တဲ့ နာမည်ကြီး ဂိမ်းစီးရီးတွေဟာ အရင်ထက် mainstream ပိုပြီး ဖြစ်လာတာနဲ့အလျောက် game publisher နှင့် developer တွေအနေနဲ့လည်း ပိုမိုများပြားလာတဲ့ ပရိသတ်တွေကို ဂိမ်းများများ ရောင်းရအောင်၊ ကစားသူတွေ လက်မလျှော့သွားအောင် ဂိမ်းအများစုကို အရင် NES ကနေ  PlayStation 1 ခေတ်တွေကလောက် ခက်အောင်ရေးလေ့ သိပ်မရှိတော့သလို ဂိမ်းတိုင်းနီးပါး
မှာ Easy mode option သို့မဟုတ် power-ups တွေ equipments တွေ ဝယ်ယူဖို့ online store နဲ့ micro transaction စနစ်တွေ ထည့်သွင်းနေကြချိန်မှာ From Software ရဲ့ PlayStation 3 exclusive Action RPG ဂိမ်းဖြစ်တဲ့  Demon’s Souls ဟာ အရမ်းခက်တဲ့ gameplay နဲ့ boss fight တွေကြောင့် gamer အများစုနှင့် RPG ပရိသတ်ကြားမှာ နာမည်ကြီးခဲ့ပြီး မျှော်မှန်းထားတာထက် ပိုမိုရောင်းချခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dark Souls II ဟာ ဆိုရင်လည်း From Software ရဲ့ Soul Series က တတိယမြောက် ဂိမ်းသစ်ဖြစ်ပြီး သူ့ရဲ့ trademark တစ်ခုလို့တောင် ပြောလို့ရမယ့် ခက်ခဲတဲ့ difficulty level နဲ့ boss fight တွေကို From Software က ဆက်လက် ထည့်သွင်းထားခဲ့သလို Special Edition အသစ်ဖြစ်တဲ့ Dark Souls II: Scholar of the First Sin မှာတော့ graphics ပိုင်း အဆင့်မြှင့်တင်ထားသလို Story DLC ဇာတ်လမ်းအသစ်သုံးခုလည်း ပါဝင်လာလို့ Souls ဂိမ်းပရိသတ်တွေနဲ့ မကြာသေးခင်က PS4 မှာ ထွက်ရှိခဲ့တဲ့ Bloodborne ဂိမ်းပရိသတ်တွေပါ သဘောကျမယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။ Dark Souls II: Scholar of the First Sin မှာ Character models ပိုင်း၊ texture ပိုင်းတွေ ပိုကောင်းလာပြီး အထူးသဖြင့် framerate ပိုင်း လုံးဝ smooth ဖြစ်သွားတဲ့အတွက် တိုက်ပွဲအားလုံး ဘယ်လောက်ပျင်းပျင်း၊ screen ပေါ်မှာ ရန်သူဘယ်လောက်များများ ကစားလို့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။

Dark Souls  ဂိမ်းတွေဟာ gameplay ပိုင်းနှင့် တိုက်ခိုက်မှုပိုင်းကို အသားပေးထားပေမယ့် cutscenes အချို့နှင့် စကားပြောခန်း အချို့ကနေတစ်ဆင့် ဇာတ်လမ်းကို သိရှိနိုင်မှာဖြစ်ပြီး ကစားသူရဲ့ ဇာတ်ကောင်ဟာ ကျိန်စာသင့်နေတဲ့ ခရီးသည် တစ်ယောက်ဖြစ်ပြီး Drangleic  နယ်မြေတစ်လျှောက် ဖြေဆေးလိုက်ရှာနေသူ တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ ကစားသူအနေနဲ့ ကျိန်စာကို တားဆီးနိုင်အောင် Grand Souls လေးခု အပါအဝင် Souls အများအပြားကို လိုက်လံရှာဖွေရမှာဖြစ်ပြီး ခရီးလမ်းတစ်လျှောက်မှာ Armor အပြည့် ဝတ်ဆင်ထားတဲ့ Demon Knight တွေ၊ နဂါးအကြီးစားတွေ စတဲ့ ရန်သူအရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ DLC တွေအနေနဲ့က Crown of the Sunken King, Crown of the Old Iron King  နှင့် Crown of the Ivory King ဆိုပြီး တစ်ခုကို ငါးနာရီလောက်ကြာတဲ့ Story DLC တွေ ပါဝင်လာသလို Souls ဂိမ်းတွေရဲ့ ထုံးစံအတိုင်း ပိုပိုပြီး ခက်လာအောင် စီစဉ်ပေးထားပါတယ်။ DLC တွေ ကစားဖို့အတွက် main game နိုင်ထားဖို့ လိုအပ်ပြီး Fume Knight လိုမျိုး အခေါက်ပေါင်းနှစ် ဆယ်၊ သုံးဆယ်သေပြီးတော့မှ နိုင်နိုင်ချေ အနည်းငယ်ရှိလာမယ့် အကြမ်းဆုံး boss fights တွေ ပါဝင်ထားပါတယ်။ အရင် main game မှာ မပါဝင်ခဲ့တဲ့ puzzle ဆန်ဆန် gameplay တွေလည်း ပါဝင်လာလို့ DLC သုံးခုပေါင်းလိုက်ရင်တော့ နောက်ထပ် Dark Souls ဂိမ်းအသစ်တစ်ခု ကစားနေရတယ်လို့တောင် ထင်ရမှာပါ။ Level design တွေအနေ နဲ့လည်း dungeon level သစ်တွေအပြင် ရေခဲပြင် level design သစ်တွေလည်း ပါဝင်လာပါတယ်။

Character class တွေအနေနဲ့ကတော့ light နှင့် heavy styles တိုက်ခိုက်ပုံတွေပေါ် မူတည်ပြီး strength၊ dexterity နှင့် Magic အစရှိတဲ့ stats တွေကို ပြောင်းလဲပြီး ကစားဟန်မျိုးစုံကို အသုံးချနိုင်သလို နောက်ပိုင်းမှာလည်း ability အသစ်တွေ ရရှိနိုင်ပြီး level တက်တိုင်း stats တွေ စိတ်ကြိုက်တင်နိုင်လို့ class တစ်မျိုးကို ကစားပုံတစ်မျိုး ပုံသေသတ်မှတ်ပြီး ကစားစရာမလိုတာ တွေ့ရမှာပါ။ Souls ဂိမ်းတွေကို အဓိက ခက်ခဲစေတဲ့ အချက်တစ်ခုက level ဘယ်လောက်မြင့်မြင့် ကိုယ့်ကို တစ်ချက်နှစ်ချက်နဲ့ အပျောက်ရှင်းနိုင်တဲ့ ရန်သူတွေ၊ ထောင်ချောက်တွေ ပါဝင်ထားသလို၊ Melee attack, Magic casting နှင့် ရန်သူတွေ တိုက်ခိုက်တာကို ရှောင်ရုံကအစ Stamina Bar လျှော့သွားမှာဖြစ်လို့ အချို့ Action ဂိမ်းတွေလို Attack & Dodge Spam လုပ်လို့မရသလို  grinding သီးသန့်နဲ့ level မြင့်ရုံ၊ items ကောင်းရုံမဟုတ်ဘဲ ကိုယ်ပိုင်အစွမ်းအဆ (skill) ကိုလည်း အဓိကထား အသုံးချရမှာကို တွေ့ရမှာပါ။

Dark Souls II: Scholar of the First Sin မှာ ကစားသူတွေအနေနဲ့ တိုက်ပွဲပေါင်းစုံမှာ အခေါက်ပေါင်း ရာနှင့်ချီပြီး သေနိုင်ပေမယ့် အားမလျှော့ဘဲ ဆက်လက်ကစားချင်အောင် ဆွဲဆောင်နိုင်တဲ့ ဂိမ်းတစ်ခုဖြစ်သလို ဂိမ်းအတွင်း level တက်ရုံသက်သက် မဟုတ်ဘဲ ကစားသက် ရင့်လာတာနဲ့ ကစားသူကိုယ်တိုင်ပါ ပိုကျွမ်းလာမှ နိုင်အောင်ကစားနိုင်မယ့် စိတ်ဝင်စားစရာ ဂိမ်းတစ်ခု ဖြစ်ပါတယ်။