Samsung မိုဘိုင်းဖုန်း အရောင်းပြခန်း မော်တင်ဆိုင်ခွဲ ဖွင့်လှစ်

IMG_5974.jpg

UC ကုမ္ပဏီ၏ Samsung မိုဘိုင်းဖုန်း တရားဝင်အ ရောင်းပြခန်း မော်တင်ဆိုင်ခွဲကို အမှတ် – ၂၆၁၊ ကျုံးကြီးလမ်း၊ Junction Mawtin အရှေ့၊ လမ်းမတော်မြို့နယ်တွင် ဖွင့်လှစ်လိုက်ကြောင်း၊ အဆိုပါ မိုဘိုင်းဖုန်း အရောင်းပြခန်းသည် UC ကုမ္ပဏီ၏ ဒုတိယမြောက် အရောင်းဆိုင်ခွဲ ဖြစ်ကြောင်းသိရသည်။

ဆိုင်ခန်းစတင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၅ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်ထိ ဆိုင်ရှိမည်သည့် ဟန်းဆက်ကိုမဆို ၀ယ်ယူသည့် မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် ဗလာမပါ ကံစမ်းမဲနှင့်  Galaxy Note 4၊ Galaxy Grand Prime ၊ Galaxy Grand V များကို ကံစမ်းရယူနိုင်မည့် Grand ကံစမ်းမဲ ကူပွန်များကို ရရှိနိုင်မည် ဖြစ်သည်။ ဗလာမပါ ကံစမ်းမဲတွင် MPT, Telenor, Ooredoo လိုင်းကတ်များအတွက် ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေဖြည့်ကတ်များကို ပေးသွားမည်ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကတ်များတွင် မိမိအသုံးပြုလိုသော ငွေဖြည့်ကတ်အား ရွေးချယ်ရယူ နိုင်မည်ဖြစ်သည်။ ထို့ပြင် Micro SD (16GB)၊ ကျပ်တစ်သောင်းတန် Discount ကူပွန်၊ Samsung တံဆိပ် E2202 နှင့် Eider Keypad ဖုန်းများပါဝင် မည်ဖြစ်ပြီး Grand ကံစမ်းမဲတွင် ပထမဆု Galaxy Note 4 ငါးလုံး၊ ဒုတိယဆု Galaxy Grand Prime ငါးလုံး၊ တတိယဆု Galaxy Grand V ဆယ်လုံးပါဝင်မည်ဖြစ်သည်။

Samsung တံဆိပ် မိုဘိုင်းဖုန်း အရောင်းပြခန်းသည် UC ကုမ္ပဏီ၏ ရန်ကုန်မြို့အတွက် ပထမဆုံး ဖွင့်လှစ်သော အရောင်းပြခန်းဖြစ်ပြီး UC ကုမ္ပဏီအနေဖြင့် မော်လမြိုင်၊ ဘားအံ စသည့်မြို့ များတွင်လည်း Samsung တံဆိပ် မိုဘိုင်းဖုန်း အရောင်းပြခန်းများ ထပ်မံဖွင့်လှစ် ရောင်းချသွားမည်ဖြစ် ကြောင်းသိရသည်။

-ရဲထွဋ်ဝင်း