Slim Bluetooth 3.0 headset

Slim-Bluetooth-3.jpg

ဖုန်းသီးသန့် ပြောဆိုရန်အတွက် အဆင်ပြေစေနိုင်သော ELECOM အမှတ်တံဆိပ် LBT-MPHS07 မော်ဒယ် Bluetooth Handsfree Headset  ဖြစ်သည်။ Bluetooth Version 3.0 ဖြစ်ပြီး သေးသွယ်ပါးလွှာကာ အသံကို ကြည်လင်စွာဖြင့် ခံစားနားဆင်နိုင်မည် ဖြစ်သည်။ နားနှင့် Bluetooth Handsfree Headset ထိရာနေရာကို Silicon အစွပ် တပ်ဆင်အသုံးပြုထားသောကြောင့် နာကျင်မှုမရှိဘဲ ကြာရှည်စွာအသုံးပြုနိုင်မည် ဖြစ်သည်။ အကွာအဝေး ၁၀ မီတာဝန်းကျင်အတွင်း အဆင်ပြေစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ Lithium polymer rechargeable battery အမျိုးအစားကို အသုံးပြုထားပြီး ပုံမှန်ဖုန်းပြောဆိုပါက နာရီ ၁၀၀၊ ဆက်တိုက်ဖုန်းပြောဆိုပါက ၅ နာရီ အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းနှစ်လုံး ချိတ်ဆက်ထားနိုင်သော စနစ်ပါဝင်သည့်အပြင် နောက်ဆုံး Call ကိုပါ ပြန်လည်ခေါ်ဆိုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၂၁,၆၀၀ ကျပ်ဖြစ်ပြီး CYBER PLUS ဖုန်း ၀၁-၂၂၇၅၉၃၊ ၀၉-၃၂၁၄၂၅၂၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။