Xiaomi Mi Note Wood Edition ပြည်တွင်းဈေးကွက်ဝင်

11102846_10204518846471022_1409569746700103445_n.jpg

အသစ်ထပ်မံထုတ်လုပ်လိုက်သည့် Xiaomi တံဆိပ် Mi Note Wood Edition ကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါ ဖုန်းသည် ပုံမှန်ထက် ဝ.၉ မီလီမီတာ အနည်းငယ် ပိုထူမည်ဖြစ်ပြီး အလေးချိန်အားဖြင့် ပုံမှန်ထက် ၅ ဂရမ် ပိုမိုပေါ့ပါးမှုရှိမည်ဖြစ်ကြောင်း သိရသည်။

Mi Note Wood Edition သည် 4G LTE ကွန်ရက်အထိ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး GSM ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော Dual SIM အမျိုးအ စားဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၅.၇ လက်မရှိပြီး အမြန်နှုန်း Quad-core 2.5GHz Krait 400 ရှိသော CPU နှင့် Adreno 330 GPU စနစ်များ ထောက်ပံ့ ပါဝင် မည်ဖြစ်သည်။ Internal Memory အနေဖြင့် 3GB RAM နှင့် သိုလှောင်မှုပမာဏမှာ 16GB နှင့် 32GB နှစ်မျိုးရှိမည်ဖြစ်ကြောင်းသိရသည်။ 13 Megapixel ရှိသော နောက် ဘက်ကင်မရာနှင့် 4 Megapixel ရှိသော ရှေ့ဘက်ကင်မရာများပါဝင်ပြီး ကင်မရာပိုင်းတွင် Dual-LED Flash စနစ် ထောက်ပံ့ပါဝင်သည်။ Wi-Fi 802.11 a/b/g/n/ac ၊ Bluetooth 4.1 စနစ်များနှင့် ဘက်ထရီမှာ 3,000mAh ဘက်ထရီဖြစ်ကြောင်းသိရသည်။

Mi Note Wood Edition ကို တရားဝင် အာမခံအနေဖြင့် ၁ နှစ်ပေးထားပြီး တန်ဖိုးမှာ ၅၃ဝ,ဝဝဝ ကျပ် ဖြစ်သည်။