Retweet with Comment feature ကို Twitter တရားဝင်မိတ်ဆက်

11120513_10152829469172825_2649109741547876271_n.jpg

Twitter သည် ပြီးခဲ့သည့် နွေရာသီက စမ်းသပ်မှုများ ပြုလုပ်ခဲ့သော retweet with comment feature ကို ယခုအခါ Twitter သုံးစွဲသူအားလုံး အသုံးပြုနိုင်ရန် တရားဝင် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ feature ကို သုံးစွဲသူများသည် ၎င်းတို့၏ tweet များထဲတွင် tweet တစ်ခုကို ထည့်သွင်းကာ စာလုံးရေ ၁၄၀ ကန့်သတ်ထားသော နေရာတွင် မှတ်ချက်များကို ရေးသားနိုင်မည် ဖြစ်သည်။

ယခုအခါတွင် ၎င်း feature ကို Twitter ၏ဝက်ဘ်ဆိုက်နှင့် iPhone app များတွင် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း Android app တွင်မူ မကြာမီ အသုံးပြုနိုင်မည်ဟု သိရသည်။

ယခင်က Twitter သည် သုံးစွဲသူများက tweet များတွင် ရေးသားချက်များ ထည့်သွင်းနိုင်ရန်အတွက် URL များကိုချုံ့နိုင်ရန် ပြုလုပ်ပေးခဲ့ပြီး ယခုအခါတွင် ခလုတ်တစ်ခုကို နှိပ်၍ retweet ပြုလုပ်ကာ comment ကိုရေးသားနိုင်ပြီ ဖြစ်သည်။

သို့ရာတွင် သုံးစွဲသူများအနေဖြင့် retweet နှင့် comment အပြည့်အစုံကို embed ပြုလုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။ ၎င်း feature ၏ ရည်ရွယ်ချက်မှာ မူလ tweet များကို ထိန်းသိမ်းပေးပြီး ချုံ့ရန် မလိုအပ်ဘဲ tweet များပေါ်တွင် comment ပေးခြင်းနှင့် ဝေမျှခြင်းတို့ ပြုလုပ်နိုင်စေရန်သာ ဖြစ်သည်။

Ref: TechCrunch