Feature သစ်များပါဝင်ပြီး အားနည်းချက်များ ပြင်ဆင်ထားသည့် iOS 8.3 ကို Apple ဖြန့်ချိ

10003961_10152833064632825_581318965002519830_n.jpg

Apple သည် အားနည်းချက်အချို့ကို ပြင်ဆင်ထားပြီး feature သစ်အချို့ ထည့်သွင်းထားသည့် iOS 8.3 update ကို ဖြန့်ချိခဲ့သည်။

ထို့အပြင် Apple သည် Photos app သစ် ပါဝင်သည့် Mac OS X Yosemite update ကိုလည်း ဖြန့်ချိပေးခဲ့သည်။ ၎င်းတွင် ပါဝင်သည့် Photos app သည် ထုတ်ကုန်အားလုံးပေါ်မှာ ဓာတ်ပုံများနှင့် ပြင်ဆင်မှုများကို sync ပြုလုပ်နိုင်မည် ဖြစ်သည်။ Apple အနေဖြင့် iOS နှင့် Mac OS X update များကို တစ်ပြိုင်နက် ဖြန့်ချိခြင်းသည့် Apple ထုတ်ကုန်များကို လွယ်ကူချောမွေ့စွာဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

iOS 8.3 တွင် အဓိကအပြောင်းအလဲအဖြစ် character သစ် ၃၀၀ ခန့်ပါဝင်သည့် emoji keyboard ပါဝင်လာသည်။

iOS 8.3 ကို Settings > General > Software Update မှတစ်ဆင့် OTA အနေဖြင့် update ပြုလုပ်နိုင်သည်။

Firmware ကို download ပြုလုပ်ကာ update ပြုလိုသူများ အနေဖြင့် www.getios.com မှတစ်ဆင့် ရယူနိုင်သည်။

Ref: CNET