Acer Liquid Z200 Smart Phone

Acer-Liquid-Z200-Smart-Phone-.gif

Acer Liquid Z200 Smart Phone  တွင် Dual Core 1GHz Processor နှင့် RAM ပိုင်းအတွက် 512 MB ထည့်သွင်း အသုံးပြုထားသည်။ Internal Storage Memory 4GB ပါဝင်ပြီး Micro SD  ကတ်ဖြင့်  32 GB အထိ ထပ်တိုးအသုံးပြုနိုင်မည် ဖြစ်သည်။ Android v4.4.2 Kitkat OS နှင့် ဖြစ်သည်။ မျက်နှာပြင် အရွယ်အစားမှာ လေးလက်မ ကျယ်ဝန်းပြီး Resolution 800 x  480 အထိ အထောက်အပံ့ပေးထားသည်။ Capacitive Touch မျက်နှာပြင်ကို အသုံးပြုထားသည်။ 2MP ရှိသည့် ကင်မရာ ပါဝင်သည်။ Acer Rapid Key ပါဝင်မှုကြောင့် Camera ကို လျှင်မြန်စွာ ရှာဖွေနိုင်မည်ဖြစ်သလို ဖုန်းအဝင် ဖြေဆိုရာတွင်လည်း လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ 21Mbps HSPA (Dual Sim) ဖြစ်ပြီး WiFi, Bluetooth, GPS စနစ်များပါရှိသည်။  Acer ၏ နည်းပညာဖြစ်သည့် Acer Float ပါဝင်မှုကြောင့် Application များကို တပြိုင်တည်း နှစ်ခု အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၆၈,၀၀၀ ကျပ် ဖြစ်ပြီး ရွှေလမင်းနဂါး ကုမ္ပဏီလီမိတက် ဖုန်း-၂၃၀၁၇၉၇၊ ၂၂၆၉၃၁ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။