PS 3 အတွက် WWE 2K15 ထွက်ရှိ

PS-3-WWE-2K15.jpg

WWE ၏ ဂိမ်းခွေသစ် WWE 2015 ယခုနှစ်အတွက် ထွက်ရှိလာကြောင်း သိရသည်။

“Developer:Yuke`s Media Creations မှဖြစ်ပြီး publisher က Take-Two Interactive မှ ဖြစ်ပါတယ်။ ၂၀၁၅ ကာဗာပုံဟာ ပရိသတ်အကြိုက် John Cena နဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။ ၂၀၁၅ မှာ ပြောင်းလဲမှု အမြောက်အများ တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်များစွာ ပါဝင်လာပြီး ယခင်ဇာတ်ကောင်ဟောင်းတွေရဲ့ style တွေ၊ entrance တွေအားလုံး upgrade ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဇာတ်ကောင် တိုင်းရဲ့ entrance တွေနဲ့ action/move တွေဟာ အပြင်နီးပါး ပြုလုပ်ထားတာကြောင့် အသက်ဝင်လှပါတယ်။ အစီအစဉ်ကြေညာသူအဖြစ် Jerry Lawler နဲ့ Michael Cole တို့က အပြင်မှာအတိုင်း တင်ဆက်ပေးတာကို တွေ့ရပါတယ်။ PS3 JB နဲ့ ODE version နှစ်မျိုးလုံးအတွက် ရရှိမှာဖြစ်ပါတယ်” ဟု PHYO IT PLAZA (MOBILE, CAMERA, GAME) မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသုံးပြုလိုသူများအနေဖြင့် PHYO IT PLAZA (MOBILE, CAMERA, GAME) ဖုန်း ၀၂-၃၃၄၃၁ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။