Surface 3 ကို iPad ဈေးနှုန်းဖြင့် Microsoft ရောင်းချမည်

surface-3.jpg

Microsoft သည် Surface 3 tablet ကို မိတ်ဆက်ခဲ့ပြီး ၎င်းထုတ်ကုန်ကို ကန်ဒေါ်လာ ၄၉၉ ဖြင့် မေလ ၅ ရက်တွင် ဖြန့်ချိရောင်းချ သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် Surface 3 ကိုအင်္ဂါနေ့မှတင်၍ ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သွားခဲ့သည်။

Microsoft ၏ Surface 3 သည် ယခင် Surface ထုတ်ကုန်များကဲ့သို့ app များအားလုံး ထောက်ပံ့မှုမရရှိသည့် Windows RT ဗားရှင်းကို အသုံးမပြုထားပေ။ ယခင်က Microsoft Surface Pro မော်ဒယ်များတွင် ပုံမှန် Windows ပါဝင်လာချိန်တွင် Surface ၌ Windows RT ကို အသုံးပြုထားသည်။ Surface 3 သည်အပါးလွှာဆုံး tablet ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့ပြီး ၎င်း tablet ၌ Office 365 တစ်နှစ်အခမဲ့ အသုံးပြုခွင့်ထည့်သွင်း ပေးထားကြောင်း သိရသည်။ Surface Pro 3 ကဲ့သို့ပင် Surface 3 ၌ Microsoft သည် kickstand ကိုထည့်သွင်း ပေးထားသလို stylus ထောက်ပံ့မှု ပါဝင်လာသော်လည်း  Surface Pen ကိုသီးခြား ဝယ်ယူရမည် ဖြစ်သည်။ ၎င်း tablet ၏မျက်နှာပြင် အကျယ်မှာ ၁၂ လက်မအရွယ် Pro မော်ဒယ်များထက် သေးငယ်ပြီး အရွယ်မှာ ၁၀.၈ လက်မသာရှိသည်။

Surface 3 ကို Windows 8.1 နှင့်အတူတင်ပို့ ရောင်းချသွားမည် ဖြစ်သော်လည်း ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည့် Windows 10 update ကိုရယူ နိုင်မည်ဖြစ်သည်။

Ref: BusinessInsider