LG ဖုန်းများတွင် ပါဝင်သော QuickCircle Case & Home Touch Buttons

User-Guide6.jpg

LG ဖုန်းတွေမှာ ပါဝင်တဲ့ QuickCircle Case နဲ့ Home Touch Buttons ဆိုတဲ့ စနစ်နှစ်ခုရဲ့ အသုံးပြုပုံစံကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ QuickCircle Case ဆိုတဲ့ စနစ်ကတော့ LG ဖုန်းတွေမှာပဲ မြင်တွေ့ရတဲ့ နည်းပညာ တစ်ခုဖြစ်ပြီး ဒီစနစ်ဟာဖုန်းကို ကာဗာတပ်ပြီး အသုံးပြုချိန်မှာ ကာဗာကိုဖွင့်ဖို့ မလိုအပ်ပဲနဲ့ ကာဗာမှာပါဝင်တဲ့ အပေါက်လေးကနေပြီး ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို အသုံးပြုနိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့အတွက် တော့ LG ကနေ ထုတ်လုပ်တဲ့ QuickCircle Case ကာဗာကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။

ဖုန်းနဲ့ ကာဗာနဲ့ တပ်ဆင်ထားတဲ့ အချိန်မှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကာဗာတပ်ဆင် ထားချိန်မှာ မြင်တွေ့ရမယ့်မြင် ကွင်းဖြစ်ပါတယ်။ ဒီအ၀ိုင်းကွက် အပေါက်လေးဟာ QuickCircle စနစ်ဖြစ်ပါတယ်။ ဒီအဝိုင်းပေါက် လေးနေရာမှာ မြင်တွေ့ရမယ့် စနစ်တွေကိုတော့ ကိုယ်တိုင်သတ်မှတ် ပေးထားနိုင်ပါတယ်။ ဒီလိုသတ်မှတ် အသုံးပြုဖို့အတွက် Setting ထဲကိုဝင်လိုက်ပါ။ Setting ထဲမှာ QuickCircle Case ဆိုတာ ရှိပါတယ်။ တစ်ခါတစ်ရံမှာဖုန်းရဲ့ Setting ကို ကိုယ်က Layout ပြောင်းလဲ အသုံးပြုထားတဲ့ အခါမှာဆိုရင်တော့ ဒီစနစ်ကို General ထဲမှာ မြင်တွေ့နိုင်ပါတယ်။

မြင်တွေ့ရတဲ့ QuickCircle Case ဆိုတဲ့ စနစ်နေရာမှာ Off ဖြစ်နေရင် On လုပ်ပြီး ဖွင့်ပေးလိုက်ပါ။ On လုပ်လိုက်ရင်တော့ QuickCircle Case စနစ်ကို အသုံးပြုလို့ ရပါပြီ။ ပြီးရင်တော့ Quickcircle Case ဆိုတဲ့စနစ်ကိုနှိပ်ပြီး အထဲကို ဝင်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြင်တွေ့ရမယ့် စနစ်သုံးခုရှိပါတယ်။ Select Apps ဆိုတာကတော့ QuickCircle ဖြစ်တဲ့ မျက်နှာပြင် အဝိုင်းပေါက် နေရာလေးမှာ ကိုယ်အသုံးပြုချင်တဲ့ ကိုယ်မြင်တွေ့ချင်တဲ့ Application စနစ်ကို ရွေးချယ်ပေးနိုင်မယ့် နေရာဖြစ်ပါတယ်။ App ငါးခုထိ ရွေးချယ်ထည့်သွင်း ထားနိုင်ပါတယ်။

Select Apps ရဲ့အောက်မှာရှိနေတဲ့ Auto Unlock Screen ဆိုတဲ့ စနစ်ကတော့ ဖုန်းမှာတပ်ဆင် အသုံးပြုထားတဲ့ QuickCircle ကာဗာကို ဖွင့်လိုက်တဲ့အချိန်မှာ ဖုန်းရဲ့ Screen ကို တစ်ခါတည်း ဖွင့်ပေးနိုင်မယ့်စနစ် ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အမှန်ခြစ်လေး မှတ်သားပေးခဲ့လိုက်ရင် ရပါပြီ။ အောက်မှာရှိနေတဲ့ Help ဆိုတဲ့ စနစ်ကတော့ QuickCircle Case စနစ်ကို အသုံးပြုဖို့အတွက် လမ်းညွှန်ချက်တွေကို ပေးနိုင်မယ့်နေရာ ဖြစ်ပါတယ်။ ဖုန်းရဲ့ Screen ပေါ်မှာရှိနေတဲ့ ကာဗာရဲ့ အဝိုင်းပေါက် နေရာမှာတော့ ဖုန်းဝင်လာချိန်မှာ ဖုန်းလက်ခံ စကားပြောနိုင်ပါတယ်။ Message တွေဝင်လာခဲ့ရင်လည်း ဒီနေရာကနေ ဖွင့်ပြီးတိုက်ရိုက် ဖတ်နိုင်ပါတယ်။ ဒါ့အပြင်ဒီအဝိုင်း ပေါက်လေးကနေ ကင်မရာဖွင့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနဲ့ ပြန်လည်ကြည့်ရှု ခြင်းတွေကိုလည်းပြု လုပ်နိုင်ပါတယ်။ ဖုန်းထဲမှာ ရှိနေတဲ့ App စနစ်တွေထဲက ကိုယ်အလျင်အမြန် အသုံးပြုလိုတဲ့ စနစ်တွေကို ဒီစနစ်ထဲမှာ ထည့်သွင်းထားပြီး အလွယ်တကူ အသုံးပြု နိုင်ဖို့အတွက် ရည်ရွယ်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဝိုင်းပေါက် နေရာလေး မှာ LG ရဲ့ Knock Code စနစ်ကိုလည်း အသုံးပြုနိုင်ပါ သေးတယ်။

နောက်ထပ် စနစ်တစ်ခုဖြစ်တဲ့ Home Touch Buttons ဆိုတဲ့ စနစ်ကတော့ Android ဖုန်းတွေရဲ့ အောက်ခြေမှာ ပါဝင်တဲ့ Home, Back, Menu ဆိုတဲ့ စနစ်တွေကို ကိုယ့်စိတ်ကြိုက် နေရာတွေ ပြောင်းလဲရွှေ့ပြောင်း အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ Setting ထဲမှာ Home Touch Buttons ဆိုပြီးရှိပါတယ်။ ဒီစနစ်ကိုနှိပ်ပြီး ဖွင့်လိုက်တဲ့အချိန်မှာ Button Combination နဲ့ Color ဆိုတဲ့စနစ်တွေ ရှိပါတယ်။

Button Combination ဆိုတဲ့စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒီနေရာမှာ ကိုယ်ရွှေ့ပြောင်းချင်တဲ့ အောက်ခြေက Buttons တွေကို ပြောင်းလဲရွှေ့ပြောင်း အအသုံးပြုနိုင်သလို အသစ်ထပ်မံထည့်သွင်း အသုံးပြုတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကိုယ်အသုံးမပြုလိုတဲ့ စနစ်ကိုလက်နဲ့ ထောက်ပြီး ဖယ်ထုတ်နိုင်သလို အသုံးပြုချင်တဲ့ Button စနစ်ကိုလည်း လက်နဲ့ထောက်ပြီး ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ Back Key, Home Key နဲ့ Menu Key ကိုလည်း ကိုယ့်စိတ်ကြိုက် ဘယ်ညာလိုအပ်သလို ပြောင်းလဲအသုံးပြု နိုင်ပါတယ်။