Windows တွင် Folder Icon အရောင်များကို Folderico ဆော့ဖ်ဝဲ အသုံးပြု၍ ပြောင်းလဲခြင်း

Untitled.jpg

Windows Operating System သုံးစွဲသူတွေ အနေနဲ့ မိမိ Hard Disk အတွင်းမှာရှိတဲ့ Folder တွေကို အရောင်ခွဲခြား သတ်မှတ်ထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ ပြုလုပ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ မိမိအတွက် အရေးကြီးတဲ့ ဖိုင်တွေကို ထည့်သွင်းထားတဲ့ Folder တွေကို အလွယ်တကူ အလျင်အမြန် ရှာဖွေအသုံးပြုချင် တာမျိုးပဲဖြစ်ဖြစ်၊ အမျိုးအစား မတူညီတဲ့ Folder တွေကို အလွယ်တကူ အရောင်နဲ့ခွဲခြား ချင်တာမျိုးပဲဖြစ်ဖြစ် ကြည့်လိုက်တာနဲ့ ခွဲခြားနိုင်စေရန်အတွက် Folder Icon တွေကို အရောင်ခွဲခြားပြီး သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။

Folder Icon တွေကို အရောင်ခွဲခြား သတ်မှတ်နိုင်ရန် အတွက် Folderico ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Folderico ကို http://goo.gl/LfBnR9 ကနေ သွားရောက်ရယူနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဝက်ဘ်စာမျက်နှာမှာ တိုက်ရိုက် Download ပြုလုပ်ရန်နဲ့ 4Share ပေါ်မှတစ်ဆင့် Download ပြုလုပ်ရန် စီစဉ်ပေးထားသလို Portable အသုံးပြုချင် သူတွေအတွက် ကိုလည်း Download Link တင်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Folderico ကို Download ပြုလုပ် ပြီးသွားပြီဆိုရင် အဆိုပါ Download ပြုလုပ်ထားတဲ့ ဖိုင်ကို Install ပြုလုပ်လိုက်ပါ။ Install ပြုလုပ်တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်လံပြုလုပ် ပြီးပြီဆိုရင် Folder Icon တွေကို အရောင်ပြောင်းလဲဖို့အတွက် မိမိပြောင်းလဲလိုတဲ့ Folder ကိုအရင် Select ပြုလုပ်လိုက်ပါ။ ပြီးသွားရင် Right Click ပြုလုပ်ပြီး Folderico ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Folderico ကိုရွေးချယ်လိုက်ရင် Icon for select icon ဆိုတဲ့ box တစ်ခုကျလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် မိမိရွေးချယ်ထားတဲ့ Folder ရဲ့ Location ကို Select Folder ဆိုတဲ့နေရာမှာ တွေ့ရမှာဖြစ်ပြီး၊ Select icon ဆိုတဲ့နေရာကို နှိပ်လိုက်ရင် Icon ဒီဇိုင်းတွေ ပြောင်းမလား ဒါမှမဟုတ် Windows 7, Windows  8 မှာအသုံးပြုတဲ့ Folder ပုံစံအတိုင်း အသုံးပြုမလား ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ မိမိနှစ်သက်တာကို ရွေးချယ်လိုက်ပါ။

Windows Yellow Folder Reborn ဆိုရင်တော့ Folder တွေကို အရောင်နဲ့ သတ်မှတ်ပေးမှာ မဟုတ်ပါဘူး၊ အရောင်နဲ့ သတ်မှတ်မှာ ဖြစ်တဲ့အတွက် Windows 7 ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် နှစ်သက်ရာ အရောင်တွေကို ရွေးချယ်ပြီး Folder အရောင်ကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Apply ကိုနှိပ်ပြီး Close Button ကို  နှိပ်လိုက်ရင် Folder ကို အရောင်ပြောင်းတဲ့ လုပ်ငန်းပြီးစီး သွားပြီဖြစ်ပါတယ်။