Viper The Netherdrake

dota_2_viper_by_ahyou1991-d4kx139-1.jpg

Cooldown နည်းပါးတဲ့ အသုံးပြုစရာ Ability ၂ မျိုးသာ ပါဝင်ပြီး Damage Passive နဲ့ Durable Passive ၂ ခုနဲ့ ဖွဲ့စည်းထားပြီး Professional ကစားပွဲတွေအပြင် Public Match Making တွေအထိပါ အမြဲတမ်း မြင်တွေ့ရလေ့ရှိတဲ့ Viper The Netherdrake ဟာ Durable Carry Agility Hero တစ်ကောင် ဖြစ်ပါတယ်။ TI4 တုန်းက Model Rework Vote မှာ ထိပ်ဆုံးက ပြေးနေခဲ့ပေမယ့် မထင်မှတ်ဘဲ Faceless Void က Vote အများဆုံးဖြစ်သွားလို့ လက်ရှိ အစိမ်းရောင် မြွေပျံ Model ကြီးနဲ့ တစ်နှစ်လောက် ဆက်ကစားနေခဲ့ရတဲ့ Rework လုပ်ဖို့ လိုအပ်နေပြီဖြစ်သော Agility Hero တစ်ကောင် ဖြစ်ပါတယ်။ Slow က Slow တွေထဲမှာ အကြမ်းဆုံး Slow Ability ၃ ခုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အကြမ်းဆုံးအဆိပ် Hero Viper The Nether-drake ဟာ Disable များ မပါဝင်သော်လည်း ကစားပွဲ အစပိုင်းကတည်းက Ganking ပုံစံနဲ့ ဆော့ကစားနိုင်တဲ့အပြင် Carry Hero တစ်ကောင်အဖြစ် စိတ်ချရမယ့် Hero ကောင်း တစ်ကောင်ဖြစ်ပါတယ်။

Background Story

Viper ဟာ ရက်စက်မှု၌ ပျော်မွေ့သော ကောက်ကျစ်စဉ်းလဲတဲ့ မှော်ဆရာတစ်ဦးက အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူ ဖို့ ဖမ်းဆီးခံထားရတဲ့ သတ္တဝါတစ်ကောင် ဖြစ်ပါတယ်။ ငရဲပြည်ရဲ့ အနီး နားမှာရှိ တဲ့ မြေအောက်ဂူကြီး တစ်ဂူထဲမှာ နှစ်သန်းပေါင်းများစွာ နေထိုင်လာတဲ့ မျိုးနွယ်စုတစ်ခုဖြစ်တဲ့ Netherdrake တွေဟာ ကမ္ဘာ မြေမျက်နှာပြင် ကွဲအက်ပျက်စီးမှုကြီးကြောင့် အလင်းရောင်အောက်ကို ထွက်လာကြသော သက်ရှိသတ္တဝါများပဲ ဖြစ်ပါတယ်။ အဖမ်းဆီးခံထားရစဉ် ဘဝတစ်လျှောက်လုံးမှာ Viper ဟာ သူ့လှောင်ချိုင့်ထားရာ မှော်ဆရာရဲ့ လက်တွေ့စမ်းသပ်ခန်းထဲမှာ နေထိုင်ရင်း သူ့သခင်ရဲ့ လေ့လာ ဖန်တီးနေသမျှ မှော်ပညာတွေကို ရည်ရွယ်ချက်ရှိစွာဖြင့် တိုးတိုးတိတ်တိတ် သင်ယူနေခဲ့ပါတယ်။ သိပ်မကြာခင်မှာဘဲ Viper ဟာ သူ့ရဲ့ မွေးဖွားစဉ်ကတည်းက ပါဝင်လာခဲ့တဲ့ အဆိပ်ပြင်းများဟာ သခင်ဖြစ်သူရဲ့ မှော်ပညာများကဲ့သို့ သေစေနိုင်တဲ့ အစွမ်းများရှိကြောင်း သိရှိခဲ့ပြီးနောက်မှာတော့ ခန္ဓာကိုယ်မှ အဆိပ်များကို စိမ့်ထုတ်ကာ လှောင်ချိုင့်ရဲ့ သံတိုင်တွေကို လျင်မြန်စွာ အရည်ပျော်အောင် တိုက်စားစေခဲ့ပါတယ်။ သခင်ဆိုးရဲ့မျက်လုံးသို့ ချိန်ရွယ်ပြီး အဆိပ်များနဲ့ ထွေးထုတ်ကာ ထာဝရ အကျဉ်းထောင်ထဲမှ ထွက်ပြေး လွတ်မြောက်ခဲ့ပါတော့တယ်။ Viper The Netherdrake ဟာ သူ့ကို ပညာအသစ်တွေ သင်ပေးမယ့် သခင်အသစ်ကို ရှာဖွေဖို့ ကမ္ဘာကြီးပေါ်သို့ လွတ်လပ်စွာ ပျံသန်းလာခဲ့ပြီ ဖြစ်ပါတယ်။

Single Target Ability တစ်ခုဖြစ်ပြီး အသုံးပြုခံရတဲ့ Unit ရဲ့ Movement Speed ကို အဓိက လျှော့ပေးမယ့် Poison Attack ဟာ Auto Attack Ability တစ်ခုဖြစ်ပါတယ်။ Duration က 2 second သာရှိမှာ ဖြစ်ပေမယ့် နောက်ဆုံးအဆင့်မှာ အတိုက်ခိုက်ခံရတဲ့ Unit ရဲ့ Movement Speed နဲ့ Attack Speed ကို 40% အထိ လျှော့ပေးမှာဖြစ်လို့ Disable Ability တစ်ခုနဲ့ သိပ်မကွာပါဘူး။ v6.79 ကနေစပြီး Cooldown ကို 0 အဖြစ် ပြောင်းလဲပေးပြီးတဲ့ နောက်မှာတော့ တစ်ဆင့်လောက်ယူထားရုံနဲ့ အစောပိုင်း အဆင်ပြေသွားပြီ ဖြစ်ပါတယ်။ Damage Per Second ဟာလည်း အများကြီးမဟုတ်ပေမယ့် အခြား DPS တွေနဲ့ တွဲဖက်သက်ရောက်တဲ့အခါမှာ များပြားတဲ့ ပမာဏဖြစ်သွားမှာပါ။

ယခင် Attack Speed တင်ပေးမယ့် Frenzy ကနေ ပြောင်းလဲသွားတဲ့ Nethertoxin ဟာ အတိုက်ခိုက်ခံရမယ့် Unit ရဲ့ Hp အချိုးအစားကို ကြည့်ပြီး Damage တိုးမြင့်လာစေမယ့် Passive Ability တစ်ခုဖြစ်ပါတယ်။ Enemy Hero တစ်ကောင်ကို တိုက်ခိုက်ရာမှာ တိုးလာမယ့် Damage ပမာဏဟာ 2.5/ 5/ 7.5/ 10 Damage ဖြစ်ပြီး Hp 20% လျော့သွားတိုင်း Bonus Damage ဟာ ၂ ဆ တိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးအဆင့်အထိ တင်ထားပြီးရင် Enemy Hero ရဲ့ လက်ကျန် Hp 80% အထက်ကို တိုက်ခိုက်ရင် 10 Bonus Damage, လက်ကျန်၊ 60% အထက်ကို
တိုက်ခိုက်ရင် 20 Bonus Damage, လက်ကျန် 40% အထက်ကို တိုက်ခိုက်ရင် 40 Bonus Damage, လက်ကျန် 20% အထက်ကို တိုက်ခိုက်ရင် 80 Bonus Damage နဲ့ လက်ကျန် Hp 20 % အောက်ကို တိုက်ခိုက်ရင်တော့ 160 Bonus Damage ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ Hero အမျိုးအစားမဟုတ်တဲ့ Unit တွေကို တိုက်ခိုက်ရင်တော့ အပေါ်မှာ ရရှိခဲ့တဲ့ Bonus ရဲ့ တစ်ဝက်ကိုသာ ရရှိမှာ ဖြစ်ပါတယ်။

Viper ရဲ့ 1400 AoE အ တွင်းကနေ သူ့ကို တိုက်ခိုက်သမျှ Unit တွေဟာ Movement Slow, Attack Speed Slow နဲ့ Damage Per Second ၃ မျိုးစလုံးကို ခံစားစေရမယ့် Corrosive Skin ဟာ Passive Ability တစ်ခုဖြစ်ပြီး Magic Resistance လည်း ပါဝင်ပါတယ်။ နောက်ဆုံးအဆင့်မှာ Viper ကို တိုက်ခိုက်မယ့် Unit တွေကို 25% MS Slow, 25 AS Slow, 25 Dps ဖြစ်ပေါ်စေမှာဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း 25 Magic Resistance ရရှိမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ တစ်ဆင့်လောက်ယူထားရုံနဲ့ Viper ကို Physical Attack ဖြင့် တိုက်ခိုက်မယ့် Unit တိုင်းဟာ 4 Seconds ကြာမယ့် Slow တွေကို ခံစားရမှာဖြစ်လို့ အနည်းဆုံး တစ်ဆင့်လောက်တော့ ယူထားသင့်ပါတယ်။ Physical Attack တင်မကဘဲ Magic Ability အသုံးပြုတဲ့ Unit တွေကိုတောင် အဆိုပါ Return များ ပြန် ထိစေမှာ ဖြစ်ပါတယ်။

Ultimate Nether Strike ကတော့ များပြားလွန်းတဲ့ MS Slow နဲ့ AS Slow နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်မယ့် Ability ဖြစ်ပါတယ်။ 40%/ 60%/ 80% MS AS Speed Slow ဆိုတဲ့ ပမာဏကို 5.1 Seconds ကြာအောင်ဖြစ်ပေါ်စေရုံမကဘဲ 60 / 100/ 145 Dps ကိုလည်း ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုက်ခိုက်ခံရတဲ့ Unit ဟာ  1 Second ကြာတိုင်း သူတို့ရဲ့ လျော့သွားတဲ့ 6% / 12%/ 18% MS နဲ့ AS ကို ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။

Dota 1 တုန်းကတော့ Viper ရဲ့ သခင်ဟာ Abaddon ဖြစ်ခဲ့ပေမယ့် Dota 2 Story Line မှာတော့ သူ့ရဲ့သခင် ဆိုးသွမ်းတဲ့ မှော်ဆရာဟာ Pugna ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ Viper ဟာ Dota Hero အားလုံးထဲမှာ Slow Ability အများဆုံးနဲ့ ဖွဲ့စည်းထားတဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။ တစ်ဖက်အသင်းရဲ့ Attack Speed အသားပေး တိုက်ခိုက်တဲ့ Melee Carry တွေကို နှိမ်ထားဖို့အတွက် Offlane မှာ အသုံးပြုသလို Mid Lane ကိုလာမယ့် Spell Caster Hero တွေဖြစ်တဲ့ Storm Spirit, Lina, Zeus တို့ကို Counter လုပ်ဖို့အတွက်လည်း ရွေးချယ်နိုင်ပါတယ်။ Nethertoxin ကို အစောပိုင်း တင်ထားမယ်ဆိုရင် Last Hit ကို သေချာစေမှာဖြစ်လို့ Mekansm အစောပိုင်း ထည့်ပေးတဲ့ Durable Hero တစ်ကောင်အဖြစ် Professional အဆင့် ကစားပွဲတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ Viper ဟာ Durable Hero တစ်ကောင် ဖြစ်တာနဲ့အညီ အစောပိုင်း Inventory ၄ ကွက်လောက်အထိ Strength တက်မယ့် Item တွေရွေးချယ် ထားသင့်ပါတယ်။ Aghanim’s Scepter စပ်ထားမယ်ဆိုရင် Nether Strike ကို Cooldown 12 seconds အထိကျစေမယ့်အပြင် Cast Range တိုး၊ Mana Cost နည်းသွားစေမှာဖြစ်လို့ Ganking လုပ်ဖို့ အတွက်ရည်ရွယ်ရင် မဖြစ်မနေ စပ်သင့်ပါတယ်။ ကစားသမား အများစုဟာ Nether-toxin ကို အရင်ဆုံး lvl ဆုံးအောင် တင်လေ့ရှိပေမယ့် တကယ်တမ်း Poison Attack ကို ဦးအောင်တင်ခဲ့မယ်ဆိုရင် Ganking အတွက် များစွာ ထိရောက်မှုရှိပါလိမ့်မယ်။ 40% MS Slow ဟာ Hero တစ်ကောင်ကို သေစေဖို့  လုံလောက်တဲ့ ပမာဏဖြစ်တဲ့အပြင် Aggressive ဖြစ်တဲ့ Hero တွေနဲ့ နေရတဲ့ Lane မှာဆိုရင်လည်း Corrosive Skin ကို ဦးစွာ တင်သင့်ပါတယ်။ Viper ဟာ Carry သီးသန့်ဆော့မယ့် အခြေအနေမှသာ Nethertoxin ကို တင်သင့်တာဖြစ်လို့ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

yahooyeeha
www.myanmardota2.com
www.esportbee.com